.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင်
ဖြစ်ပွားခဲ့သည့် စက်သုံးဆီဆိုင် မီးလောင်မှု ကို ၇ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး
တရုတ်နိုင်ငံဘက်မှ မီးသတ်ယာဉ်နှင့် တပ်ဖွဲ့ဝင်များ လာရောက်ကူညီ ငြှိမ်းသတ် ဆောင်ရွက်ပေးခဲ့သည်ဟု
သိရသည်။
.
.မူဆယ်မြို၊ စွမ်စော်ရပ်ကွက်ရှိ
စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၁၀ နာရီခန့်က ဒီဇယ်လှောင်ကန်အတွင်းသို့
ဆီဖြည့်နေစဉ် ဆီဘောက်ဆာကား နောက်ဆုတ်ရာမှ အုတ်ခုံဖြင့် တိုက်မိကာ မီးပွားထွက်၍ ဆီလှောင်ကန်
မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ မူဆယ်ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့မှ
အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၂၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံများ အပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နယ်မီးသတ်ဦးစီးဌာနမှ
အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်းငြှိမ်းသတ်ခဲ့ရာ
ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် မြန်မာဘက်မှ
၅ ဦး၊ တရုတ်နိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး
ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၃၉ သိန်းခန့် ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ
ဆိုင်ရှင် အမျိုးသမီးအား မူဆယ်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment