နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, October 19, 2026

နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အောက်တိုဘာလ ၁၆ ရက်၊ ညနေပိုင်းက ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၃ နာရီခန့်က နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် မိုင်းရယ်မှ မန္တလေးသို့ မျိုးသန့်ထက် (ခ) မျိုးကြီး မောင်းနှင်ပြီး မခတ္တာဖူး လိုက်ပါလာသည့် HINO VAN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

.

ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၄၄ သိန်း၊ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၂ ဘီလီယံ၊ ဘိန်းညိုမှုန့် အလေးချိန် ၁၆၀ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ် ၀ ဒသမ ၈ ဘီလီယံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲအချိန်တွင် အဆိုပါနေရာ၌ သီပေါမှ နောင်ချိုသို့ စိုင်းညွန့်ဆွေ မောင်းနှင်ပြီး စိုင်းအောင်ပွင့် လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁ ဒသမ ၃ သိန်း၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၅၀ အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ မျိုးသန့်ထက် (ခ) မျိုးကြီး၊ ခတ္တာဖူး၊ စိုင်းညွန့်ဆွေနှင့် စိုင်းအောင်ပွင့်တို့ ၄ ဦးအား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages