.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ
ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော် မြတ်များ ယနေ့ အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းမှ
စတင်၍ အင်းလေးဒေသ ၂၁ ဌာနသို့ စတင် ကြွချီ အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
.
.အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ
အင်းလေး ဖောင်တော်ဦး ဘုရား မူလစံကျောင်းတော်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဖောင်တော်ဦး
မြတ်စွာဘုရား ရုပ်ရှင် တော်မြတ် ၄ ဆူအား အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံရန်
ပင်လျှောက် မင်္ဂလာ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းက အဆိုပါ ကျောင်းဆောင်တွင်
ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ဧည့်ပရိသတ်အပေါင်းက နမောဿ ၃ ကြိမ်ရွတ်ဆို အခမ်းအနား
ဖွင့်လှစ်ခဲ့ပြီး ညောင်ရွှေ မြို့နယ်၊ အင်းလေးဒေသ လင်းကင်းကျေးရွာ
နိုင်ငံတော်ရွှေတံဆိပ်ဆုရ တေးသံရှင်
မနွေးနွေးသီရိအောင် (ခ) နွေးနွေးနှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန်းဟူးလယ်ခြေရွာမ (စောင်း) ဆွေဆွေ၊ အမျိုးသား ယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (ရန်ကုန်) တို့မှ “ထူးမခြားနား”
ရောင်ခြည်တော်ဖွင့် ဓမ္မပူဇာတေးဖြင့် သီကျူးပူဇော် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် အင်းလေးဒေသ ဓမ္မကထိက ဟဲခမ်းဦးကျောင်းဆရာတော်
ဦးဓမ္မဝါစကနှင့် ဆရာတော်/ သံဃာတော်များမှ ဖောင်တော်ဦးမြတ်စွာ ဘုရား
ကိုယ်စားတော်တို့အား အနေကဇာတင်တော်မူခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့်
တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖောင်တော်ဦး
ဘုရားဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ စေတနာရှင်၊သဒ္ဓါရှင်များက ဖောင်တော်ဦး မြတ်စွာဘုရားကိုယ်စားတော်
များအား ဆွမ်းတော်ကြီး၊ ပန်းတော်၊ ဆီမီးတော်၊ ရေချမ်းတော်၊ ရွှေသင်္ကန်းများ
ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
.
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/
မြို့နယ်ဌာနဆိုင်ရာအကြီးအကဲ များက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် ၄ ဆူအား
မူလသီတင်းသုံးရာ စံကျောင်းပလ္လင်တော် ပေါ်မှ ရွှေဝေါယာဉ်တော်ဖြင့်
ခေတ္တယာယီသီတင်းသုံးတော်မူမည့် စံကျောင်းတော်သို့ ပင့်ဆောင် ပူဇော်ကာ ယာယီစံကျောင်းတော်မှ
ကျေးပေါခုံ ယာယီစံကျောင်းတော်သို့ ဆက်လက်ကြွချီ အပူဇော်ခံခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ
ကြွချီအပူဇော်ခံပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အင်းသား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဒေါ်တင်တင်ရီ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ အင်းလေး ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် ဒေသခံများ၊ ဘုရားဖူးဧည့်သည်များ
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ယနေ့ အောက်တိုဘာလ
၁၂ ရက်မှ စတင်၍ အောက်တိုဘာလ ၂၉ ရက်အထိ အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီ အပူဇော်ခံသွားနေခြင်းဖြစ်ကြောင်း
သိရသည်။
.
ယနေ့ နံနက်ပိုင်းတွင် မူလစံကျောင်းတော်မှ အင်းတိန် ကျေးပေါခုံကျေးရွာသို့
ကြွချီ အပူဇော်ခံပြီး မနက်ဖြန် အောက်တိုဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် အင်းတိန် ကျေးပေါခုံကျောင်းမှ
အင်းတိန်စံကျောင်း ထိုမှတစ်ဆင့် ဟဲယာရွာမ စံကျောင်းသို့ ကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း
သိရသည်။
.
ဓါတ်ပုံ - ပေးပို့
.
.jpg)
No comments:
Post a Comment