.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
.
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့
အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တနင်္ဂနွေနေ့မှာ ထပ်မံတိုက်ခိုက်ခံရ တာကြောင့် လူတစ်ဦး
သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ ယီမင်နိုင်ငံက
အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး
သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ပြီး တစ်ရက်အကြာမှာ အခုလို ထပ်မံတိုက်ခိုက်ခံရတာ
ဖြစ်ပါတယ်။
.
,
မနေ့က တနင်္ဂနွေနေ့မှာ အမျိုးအမည်မသိတဲ့ လက်နက်တစ်ခုဟာ
ရီယာ့ဒ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ အမှတ် ၄ ခရီးသည်တင်ဂိတ်ကို
ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ယီမင်နိုင်ငံမှာ
လှုပ်ရှားနေတဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှု
အတွင်း သေဆုံးသူ တစ်ဦးအပြင် လူ ၁၁ ဦး
ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က
ထုတ်ပြန်ပါတယ်။
.
ဒါ့အပြင် ဆော်ဒီလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဟာ ကင်းခါလစ်
နိုင်ငံတကာလေဆိပ်အနီးကို ပစ်လွှတ် လာတဲ့
ခရုစ်ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့က
ပြောပါတယ်။ နောက်ပိုင်းမှာလည်း ဆော်ဒီနိုင်ငံ အရှေ့ပိုင်းဒေသမှာ ဒရုန်းတစ်စင်းကို
ကြားဖြတ် ဟန့်တားဖျက်ဆီးနိုင်ခဲ့ သလို
ခါမစ်မူရှိုက်မြို့ဘက်ကို ပစ်လွှတ်လာတဲ့ ပဲ့ထိန်းဒုံးကျည် တစ်စင်းကို လည်း
ကြားဖြတ်ဟန့်တားနိုင်ခဲ့ တယ်လို့
ဆိုပါတယ်။
.
တနင်္လာနေ့ မနက်အစောပိုင်းမှာ တောင်ပိုင်း
အက်ဘာမြို့မှာလည်း အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့
အန္တရာယ် ကျော်လွန်သွားပြီလို့ ဆော်ဒီမြို့ပြကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
.
အခုလို ဆက်တိုက်တိုက်ခိုက်ခံနေရတာဟာ ဟူသီအဖွဲ့ကို
လေကြောင်းစစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ ဆော်ဒီရဲ့ ကာကွယ်ရေးစွမ်းရည်မှာ
အားနည်းချက်တွေရှိနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဟူသီအဖွဲ့ဟာ ယီမင်နိုင်ငံမှာ
ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ အစိုးရတပ်တွေနဲ့ မြေပြင်စစ်ပွဲ ဆင်နွှဲနေတဲ့အဖွဲ့
ဖြစ်ပါတယ်။
.
ဆော်ဒီနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့
စနေနေ့က ရီယာ့ဒ်လေဆိပ်တိုက်ခိုက်ခံရမှု ဗီဒီယိုထဲမှာ တော့
အစ္စလာမ်ဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံးနေရာနှစ်ခုကို သွားရောက်ဖို့ ပြင်ဆင်နေတဲ့
ဘာသာ ရေးဘုရားဖူးတွေ အများအပြားဟာ
လေယာဉ်တက်ပေါက်တစ်ခုမှာ တန်းစီနေကြတာကို တွေ့ရပါတယ်။
.
အဲဒီအချိန်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတွေဟာ
ထိတ်လန့်တကြား ပြေးလွှားခဲ့ကြပါတယ်။ လေဆိပ် အမိုးရဲ့
အစိတ်အပိုင်းတချို့လည်း ပြိုကျသွားပုံရတယ်လို့ ဗီဒီယိုမှာ တွေ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီးမှာ လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။ ဒါဟာ ဆော်ဒီနိုင်ငံမှာ
ဆယ်စုနှစ်တစ်ခု ကျော်အတွင်း လူသေဆုံးမှု အများဆုံး
တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
.
တနင်္ဂနွေနေ့က ရုပ်မြင်သံကြားကနေ
မိန့်ခွန်းပြောကြားရာမှာ ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာဟ်ယာ ဆာရီက စနေနေ့က
တိုက်ခိုက်မှုကို သူတို့အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါ တယ်။
ဒါ့အပြင် ဆော်ဒီနိုင်ငံ အရှေ့ပိုင်းဒေသ၊ ဒမ်မမ်မြို့ရှိ လေဆိပ်နဲ့ ဆော်ဒီရေနံကုမ္ပဏီကြီး
ဆော်ဒီအာရမ်ကိုရဲ့ စက်ရုံ နှစ်ခုကိုလည်း
တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
,
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရရဲ့ မီဒီယာရုံးနဲ့
အာရမ်ကိုကုမ္ပဏီတို့ကို မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ပေမဲ့ ပြန်လည်တုံ့ပြန်တာ
မရှိသေးပါဘူး။
.
ဒမ်မမ်မြို့က ဘုရင်ဖာ့ဒ် နိုင်ငံတကာလေဆိပ်ကို
တိုက်ခိုက်ခံခဲ့ရကြောင်း ဆော်ဒီမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က
တနင်္ဂနွေနေ့ညပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာ လေဆိပ်အဆောက်အအုံတွေရဲ့
ပျက်စီးမှုအခြေအနေကို စစ်ဆေးနေပြီး လုံခြုံရေးစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့
ဆိုပါတယ်။
.
ဒမ်မမ်လေဆိပ်ကနေ ထွက်ခွာပျံသန်းနေတဲ့ လေယာဉ်တစ်စင်းပေါ်က
မျက်မြင်သက်သေတစ်ဦးက တနင်္ဂနွေ နေ့ ည ၈
နာရီခွဲလောက်မှာ လေယာဉ်အများအပြား ရပ်ထားတဲ့နေရာအနီး ပြေးလမ်းပေါ်ကို လက်နက်တစ်ခု
ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာကို တွေ့ခဲ့ရတယ်လို့
ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အဲဒီနောက် လေယာဉ်ဟာ ခရီးသည်တင်ဂိတ်ကို ပြန်လည်ဝင်
ရောက်ခဲ့ပြီး ခရီးသည်တွေကို လေယာဉ် ပေါ်က
ဆင်းခိုင်းကာ လေဆိပ်ကနေ ထွက်ခွာဖို့ ညွှန်ကြားခဲ့ တယ်လို့ မျက်မြင်သက်သေက
ပြောပါတယ်။
.
လေယာဉ်ခရီးစဉ်တွေကို ခြေရာခံတဲ့ Flightradar24
ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ ဆော်ဒီနိုင်ငံရဲ့ တတိယအကြီးဆုံးလေဆိပ်ဖြစ်တဲ့
ဒမ်မမ်လေဆိပ်မှာ တနင်္ဂနွေနေ့အတွင်း ဆိုက်ရောက်နဲ့ ထွက်ခွာမယ့်
လေယာဉ်ခရီးစဉ်တချို့ နှောင့်နှေးခဲ့သလို ဖျက်သိမ်းမှုတွေလည်း ရှိခဲ့ပါတယ်။
.
ဟူသီအဖွဲ့ကလည်း တနင်္ဂနွေနေ့အစောပိုင်းမှာ
ဆော်ဒီလေဆိပ်တွေကို အသုံးမပြုကြဖို့ ထပ်မံသတိပေးခဲ့ ပါတယ်။
သူတို့ရဲ့ သတိပေးချက်တွေကို အလေးအနက်ထားဖို့ တိုက်တွန်းထားပြီး ဒုံးကျည်တွေ၊
ဒရုန်းတွေကို ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ရင် အဲဒီအတွက်
ဆော်ဒီအာရေဗျမှာ တာဝန်ရှိတယ်လို့ ဟူသီ အဖွဲ့က
ပြောပါတယ်။
.
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း X
လူမှုကွန်ရက်ပေါ်မှာ ဗြိတိန်နိုင်ငံသားတွေကို အရေး မကြီးရင်
ဂျက်ဒါ၊ ဒမ်မမ်နဲ့ မဒီနာလေဆိပ်ကလွဲလို့ ဆော်ဒီနိုင်ငံအတွင်းရှိ အခြားလေဆိပ်
အားလုံးကို သွား လာတာ ရှောင်ကြဉ်ကြဖို့
အကြံပြုထားပါတယ်။
.
အမေရိကန်လေကြောင်းအာဏာပိုင်တွေကလည်း ဆော်ဒီနိုင်ငံကို
ပျံသန်းမယ့် ဒါမှမဟုတ် ဆော်ဒီ လေပိုင်နက်ကို ဖြတ်သန်းပျံသန်းမယ့်
အမေရိကန်လေကြောင်းလိုင်းတွေကို သတိထား ပျံသန်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
.
ဆော်ဒီအာရေဗျဟာ မကြာသေးခင်က ယီမင်နိုင်ငံအတွင်း
စစ်ရေးပါဝင်ပတ်သက်မှုကို ပိုမိုတိုးမြှင့်လာခဲ့ ပါတယ်။
ပြီးခဲ့တဲ့လက ဟူသီအဖွဲ့က ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် မဟာဗျူဟာအရ အရေးပါတဲ့
နယ်မြေတွေကို သိမ်းပိုက်ခဲ့ပြီးနောက် ဆော်ဒီက ဟူသီအဖွဲ့ကို
လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ယီမင်အစိုးရတပ်တွေရဲ့
ပြန်လည်ထိုးစစ်ကိုလည်း ထောက်ခံပံ့ပိုးပေးနေပါတယ်။
.
ဟူသီအဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျက
ယီမင်နိုင်ငံအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့
တနင်္ဂနွေနေ့မှာ ပြောထားပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment