ဘိန်းစာရွက်ပြုတ်ရည် ၁၀၀ မီလီနှင့်အထက် လက်ဝယ်တွေ့ရှိပါက မူးယစ်ဥပဒေဖြင့် အရေးယူနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 3, 2026

ဘိန်းစာရွက်ပြုတ်ရည် ၁၀၀ မီလီနှင့်အထက် လက်ဝယ်တွေ့ရှိပါက မူးယစ်ဥပဒေဖြင့် အရေးယူနေ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

.

ဘိန်းစာရွက်ပြုတ်ရည် ၁၀၀ မီလီလီတာနှင့်အထက် လက်ဝယ်တွေ့ရှိပါက ရောင်းချရန်လို့အငှာ လက်ဝယ် ထားရှိသည်ဟု မှတ်ယူပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဥပဒေရေးရာဝန်ကြီးဌာနက ဖြေကြားထားသည်ဟု သိရသည်။

.

.

တာချီလိတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၏ ကထွန့်ခေါ် ဘိန်းစာရွက်ပြုတ်ရည်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် ထည့်သွင်း ပြဌာန်းပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အမြန်ဆုံး တားဆီးကာကွယ်သွားရန်  ကြယ်ပွင့် မပြ မေးခွန်း ‌မေးမြန်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက  ယင်းကဲ့သို့ စာဖြင့် ပြန်လည် ဖြေကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

.

ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၅) ဖြင့် ဘိန်းစာပင်ကို လိုအပ်ချက်အရ သတ်မှတ်သည့် မူးယစ်ဆေးဝါးအဖြစ် ထုတ်ပြန်ကြေညာ ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ လက်ဝယ်ထားရှိသူ၊ သယ်ဆောင်ရောင်းဝယ်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားချက်တွင် ဖော်ပြထားသည်။

.

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၂၆ အရ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိမှုနှင့် စပ်လျဉ်းသည့် အလေးချိန်ပမာဏသတ်မှတ်ချက်များကို ဖော်ပြထားရာ ဘိန်းစာရွက် အခြောက် သို့မဟုတ် ဘိန်းစာမှုန့်ဖြစ်ပါက ၁ ဒဿမ ၅ ကီလိုဂရမ်၊ ဘိန်းစာရွက် အစိုဖြစ်ပါက ၆ ကီလိုဂရမ် လက်ဝယ်ထားရှိပါက ရောင်းချရန်အလို့ငှာ လက်ဝယ်ထားသည်ဟု မှတ်ယူပြီး ဘိန်းစာရွက်ပြုတ်ရည်နှင့် ပတ်သက်၍ ၁၀၀ မီလီလီတာနှင့်အထက် လက်ဝယ်တွေ့ရှိပါက ရောင်းချရန်အလို့ငှာလက်ဝယ်ထားရှိသည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

.

သို့ဖြစ်ပါ၍ ကထွန့် (Kratom)ခေါ် ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားရှိပြီး ဘိန်းစာရွက်ပြုတ်အရည်ကို ရောင်းချရန် အလို့ငှာလက်ဝယ်ထားရှိပါက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) အရ လည်းကောင်း၊ သုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိပါက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) အရလည်းကောင်း အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း ဥပဒေရေးရာဝန်ကြီးဌာနက ဖြေကြားထားသည်။

.

မြန်မာနိုင်ငံတွင် ဘိန်းစာရွက်သုံးစွဲမှုအလေ့အထမှာ ယခင်က မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တိုတွင် သုံးစွဲမှုများရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြိုနယ်အတွင်း ဘိန်းစာရွက်ပြုတ်အရည် (ဒေသအခေါ် နမ့်ကထောင်း(ခ)ကထောင်း(ခ)အာဆီယံ) သုံးစွဲ/ ရောင်းချမှုများ ပေါ်ပေါက်လာသဖြင့် ၎င်းဒေသအတွင်းရှိ အအေးဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ KTV/Club များ၌ ရောင်းချမှုများအား တပ်မတော်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲနှင့် နယ်မြေခံရဲတပ်ဖွဲတို ပူးပေါင်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ဘိန်းစာရွက်အမှုပေါင်း ၃ဝ မှု၊ ဘိန်းစာရွက် အလေးချိန် ၇၄၉ ကီလို၊ ဘိန်းစာမှုန့် ၀.၅ ကီလို၊ ဘိန်းစာရွက်ပြုတ်ရည် ၁၀၃၉ လီတာ၊ တိုကို ဖော်ထုတ်ဖမ်းဆီး၍ အရေးယူဆောင်ရွက်ခဲ့ပါသည်။

.

ဘိန်းစာရွက် ရောင်းချမှုနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အမှုပေါင်း ၃ဝ မှု၊ ဘိန်းစာရွက် အလေးချိန် ၇၄၉ ကီလို၊ ဘိန်းစာမှုန့် ၀ ဒသမ ၅ ကီလို၊ ဘိန်းစာရွက်ပြုတ်ရည် ၁၀၃၉ လီတာ၊ တို့ကို ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း မြို့နယ် ဒေသအသီးသီးတွင် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးမှု များပြားလာနေပြီး နယ်မြို့များ သာမက တောင်ကြီး၊ ဟိုပုံး၊ အေးသာယာကဲ့သို့သော မြို့များတွင်ပါ ရောင်း/ဝယ်မှုများ ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Pages