အင်းလေးတွင် ဘုရားဆွဲလှေမှ လူငယ်တစ်ဦး ရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, October 16, 2026

အင်းလေးတွင် ဘုရားဆွဲလှေမှ လူငယ်တစ်ဦး ရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် မြေနီကုန်းရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၁၆ ရက်၊ နံနက်ပိုင်းက ဘုရားဆွဲလှေမှ လူငယ်တစ်ဦး ရေထဲပြုတ်ကျခဲ့ပြီး ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ် ၄ ဆူ ငါးဖယ်ချောင်းကျေးရွာမှ ကြေးစားကုန်းကျေးရွာသို့ ကြွချီစဉ် ယနေ့ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၈ နာရီခန့်က ကျွန်းကြီးကျေးရွာအုပ်စု၊ မြေနီကုန်း ကျေးရွာအနီး အရောက်တွင် လယ်သစ် (အောက်ရွာ)၊ ငါးဖယ်ချောင်းအုပ်စုနေ ကျန်းမာရေးမကောင်းသူ အသက် ၁၆ နှစ်အရွယ် Grade-12 ကျောင်းသားတစ်ဦး ရေထဲပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လူငယ် ပြုတ်ကျသည့်နေရာတွင် ပရဟိတကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများမှ ဝိုင်းဝန်းရှာဖွေလျက်ရှိပြီး လက်ရှိ သတင်းရေးသားချိန် နေ့လယ်ပိုင်းအထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်ကလည်း အင်းလေးကန်ဒေသ၊ ဟဲယာရွာမတွင် ဘုရားပွဲ လိုက်ပါ လာသော လှေယဉ်တစ်စီး ရေဝင်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သေးပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages