.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ တံခါးယဉ်ကျေးရွာတွင်
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်က အမျိုးသမီးတစ်ဦး အသ-တ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.ပင်လောင်းမြို့နယ်၊ လိန်ညားကျေးရွာအုပ်စု၊ တံခါးယဉ်ကျေးရွာနေ
အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၈ နာရီခန့်က
ရွာ၏အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ငရုတ် စိုက်ခင်းသို့ တစ်ဦးတည်းသွားရောက်၍ တောင်ယာလုပ်ငန်း
လုပ်ကိုင်နေရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာခြင်းမရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ကြောင်း
သိရသည်။
.
ထိုသို့ ရှာဖွေရာတွင် ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၁၂
နာရီခွဲခန့်က အမျိုးသမီးအား ယာလက်မ ပြတ်ရှ၊ ဝဲလက်ခုံ ပြတ်ရှ၊ ယာလက်ခုံ ပြတ်ရှ၊ မျက်နှာဝဲဘက်မျက်လုံးဘေးမှ
ဦးခေါင်းနောက်စေ့အထိ ပြတ်ရှ ဒဏ်ရာများဖြင့် ငရုတ်စိုက်ခင်းအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ပင်လောင်းမြို့မရဲစခန်းတွင်
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment