တင်းမာမှုမြင့်လာချိန် မြောက်ကိုရီးယားခေါင်းဆောင်၏ညီမ နယ်စပ်ခံတပ်များကို စစ်ဆေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, October 22, 2026

တင်းမာမှုမြင့်လာချိန် မြောက်ကိုရီးယားခေါင်းဆောင်၏ညီမ နယ်စပ်ခံတပ်များကို စစ်ဆေး

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

.

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမ ကင်ယိုဂျုံက တောင်ကိုရီးယားနဲ့ နယ်စပ် တစ်လျှောက် ရှေ့တန်းဒေသတွေကို သွားရောက်စစ်ဆေးပြီး နယ်စပ်ခံတပ်တည်ဆောက်မှုကို တောင်ကိုရီးယားဘက်က နှောင့်ယှက်လာရင် လက်တုံ့ပြန်သွားမယ်လို့ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။

.

.

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့လက တောင်ကိုရီးယားစစ်သား ၃ ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရပြီးနောက် ပိုမြင့်လာပါတယ်။ အဲဒီမိုင်းတွေဟာ နှစ်နိုင်ငံ စစ်ရေး နယ်နိမိတ်မျဉ်းရဲ့ တောင်ဘက်မှာ မြောက်ကိုရီးယားက ထောင်ထားတာလို့ တောင်ကိုရီးယား စစ်တပ်က ပြောထားပါတယ်။

.

မြောက်ကိုရီးယားအစိုးရရဲ့ ကိုရီးယားဗဟိုသတင်းအေဂျင်စီက ကင်ယိုဂျုံဟာ အင်္ဂါနေ့မှာ မြောက်ကိုရီးယား ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်တစ်ဦးဖြစ်တဲ့ ပတ်ဂျုံချွန်းနဲ့အတူ နယ်စပ်ဒေသတွေကို သွားရောက်စစ်ဆေး ခဲ့တယ် လို့ ဖော်ပြပါတယ်။

.

 သူက နယ်စပ်ခံတပ်တွေ ခိုင်မာအောင် လုပ်ဆောင်နေတာဟာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကို အပြီး တိုင် ဖြတ်တောက်ဖို့ ကင်ဂျုံအန်ရဲ့ မူဝါဒကို အကောင်အထည်ဖော်ရာမှာ အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

.

ကင်ယိုဂျုံက မြောက်ကိုရီးယားစစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ တောင်ကိုရီးယားဘက်ကို လက်နက်ကြီး တပ်ဖွဲ့တွေ ပစ်ခတ်ဖို့ အသင့်နေရာယူထားပြီဆိုတာ သိအောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကင်ဂျုံအန်က “ရန်သူ” နဲ့ နယ်စပ်ကို အမြဲတမ်း ခိုင်ခံ့အောင် ကာကွယ်ထားဖို့ အမိန့်ပေးထားတယ် လို့လည်း စစ်သားတွေကို သတိပေးခဲ့ပါတယ်။

.

အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်ဖွဲ့နဲ့အတူ စစ်ဆေးပြီးနောက် တောင်ကိုရီးယားက ဒီလအစောပိုင်း မှာ စက်တင်ဘာ ၂၁ ရက် နယ်စပ်မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ မြောက်ကိုရီးယားက ထောင်ထားတဲ့မိုင်း တွေကြောင့် ဖြစ်တယ်လို့ တရားဝင်ပြောခဲ့ပါတယ်။ ကျန်ရှိနေတဲ့ မိုင်းတွေကို ရှင်းလင်းပေးဖို့နဲ့ တောင်းပန် ဖို့လည်း မြောက်ကိုရီးယားကို တောင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယား ကတော့ ပေါက်ကွဲမှုတွေအတွက် တာဝန်မရှိဘူးလို့ ငြင်းဆိုထားပြီး ရန်စလာရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

.

ကင်ယိုဂျုံရဲ့ နယ်စပ်ခရီးစဉ်ဟာ တစ်ရက်အကြာမှာ ဖြစ်လာတာဖြစ်ပြီး သူက တောင်ကိုရီးယားဘက် က နယ်စပ်မှာ အသံချဲ့စက်တွေနဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်ထုတ်လွှင့်မှုတွေ ပြန်လုပ်လာ နိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီအသံချဲ့စက်တွေဟာ အရင်က စိတ်ဓာတ်စစ်ဆင်ရေး အတွက် အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား နယ်စပ်တစ်လျှောက် ပိုမို အားကောင်းတဲ့ လက်နက်တွေ ချထားနိုင်တယ်လို့လည်း ပြောပါတယ်။

.

တောင်ကိုရီးယားက မြောက်ကိုရီးယားစစ်သားတွေ နယ်စပ်ကျော်လာတယ်ဆိုပြီး အကြောင်းပြချက်မမှန်ဘဲ သတိပေးပစ်ခတ်တာနဲ့ အသံလွှင့် သတိပေးတာတွေ လုပ်နေတယ်လို့ ကင်ယိုဂျုံက စွပ်စွဲပါတယ်။ မြေမြှုပ် မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် တောင်ကိုရီးယားဘက်က ရန်စမှုတွေဟာ “အနီရောင်မျဉ်းကို ကျော်လွန် လာပြီ” လို့လည်း သူက ပြောပါတယ်။

.

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် ဂျင်ယုံဆွန်းက ကင်ယိုဂျုံရဲ့ ခြိမ်းခြောက်မှုဟာ လက်ခံနိုင်စရာ မရှိဘူး လို့ ပြောပြီး မြောက်ကိုရီးယားဘက်က ရန်စမှုတွေ ဖြစ်လာရင် စစ်တပ်အနေနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အမိန့်ပေးထားပါတယ်။

.

မြောက်ကိုရီးယားဟာ မကြာသေးခင်နှစ်တွေမှာ နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းတွေ၊ သံဆူးကြိုးခြံစည်းရိုး တွေ၊ တင့်ကားတားဆီးရေး အတားအဆီးတွေနဲ့ ခံတပ်တွေကို ထပ်မံတည်ဆောက်လာပါတယ်။ ကင်ဂျုံအန် ကလည်း တောင်ကိုရီးယားအပေါ် တင်းမာတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးနေပါတယ်။

.

တောင်ကိုရီးယားစစ်တပ်ရဲ့ ပြောကြားချက်အရ ဒီနှစ်အတွင်း နယ်စပ်ခံတပ်တွေ တည်ဆောက်နေချိန် မြောက်ကိုရီးယားစစ်သားတွေက စစ်ရေးနယ်နိမိတ်မျဉ်းကို အကြိမ် ၅၀ ကျော် ဖြတ်ကျော်ခဲ့ပြီး တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်တာနဲ့ အသံလွှင့် သတိပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

.

အင်္ဂါနေ့ နယ်စပ်စစ်ဆေးမှုအတွင်း မြောက်ကိုရီးယား စစ်ဦးစီးချုပ် ပတ်ဂျုံချွန်းက တင်းမာမှုတွေ မြင့်တက် လာတာအတွက် မြောက်ကိုရီးယားဘက်ကို အပြစ်ပုံချဖို့ တောင်ကိုရီးယားက ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီစဉ် ပြီး အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေ ပြောနေတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားဘက်က ရန်စလာရင် “အပြင်းအထန် တုံ့ပြန်သွားမယ်” လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

.

မြောက်ကိုရီးယားစစ်သားတွေက နယ်စပ်ခံတပ်တွေ တည်ဆောက်နေချိန် နယ်စပ်ကို ကျော်ဝင်ခဲ့ တယ်ဆိုတဲ့ တောင်ကိုရီးယားဘက်က ပြောဆိုချက်ကိုလည်း ပတ်ဂျုံချွန်းက ငြင်းဆိုခဲ့ပြီး “ကျွန်တော်တို့စစ်တပ်က ကိုယ့် နယ်စပ်မျဉ်း ဘယ်မှာရှိတယ်ဆိုတာ ဘယ်သူ့ထက်မဆို ပိုသိတယ်” လို့ ပြောခဲ့တယ်လို့ ကိုရီးယားဗဟို သတင်းအေဂျင်စီက ဖော်ပြပါတယ်။

.

Ref – Khaosod

.

No comments:

Post a Comment

Pages