လားရှိုးတွင် သေနတ်ထောက် လုယက်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, October 20, 2026

လားရှိုးတွင် သေနတ်ထောက် လုယက်မှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းက သေနတ်ထောက်ပြီး ငွေထုပ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) အကြားတွင် ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်၊ ညနေ ၄ နာရီခန့်က ဆိုင်ကယ်ဖြင့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးကို အမည်မသိ အမျိုးသား ၂ ဦးက သေနတ်ဖြင့်‌ထောက်ကာ ဆိုင်ကယ်ပေါ်တွင် ပါလာသည့် ငွေထုပ်ကို လုယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းမှ တာဝန်ရှိသူက “ငွေ သိန်း ၆၀၀ လည်း ပြောတယ်၊ ၉၀၀ လည်း ပြောတယ်။ လာပြီး အမှုဖွင့်တိုင်တန်းတာတော့ မရှိသေးပါဘူး။ သေနတ်ပါတယ်။ ကော်သေနတ် လို့လည်း ပြောတယ်” ဟု ပြောဆိုခဲ့သည်။

.

လုယက်ခံရမှု ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘဲ ကျူးလွန်သူများကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။

.

လားရှိုးမြို့တွင် လုယက်မှု၊ ဆိုင်ကယ်ခိုးယူမှု အပါအဝင် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ကျူးလွန်သူ များကို ဖမ်းဆီးရမိမှု နည်းပါးကြောင်း ဒေသခံများထံက သိရသည်။

.

No comments:

Post a Comment

Pages