.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊
ဟိုပုံကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက်၊ နံနက်ပိုင်းက
အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်နေသူ တရုတ်နိုင်ငံသား ၃ ဦးကို လုပ်ငန်းသုံးပစ္စည်း
များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစား
လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေ ဖော်ထုတ်မှုများ ပြုလုပ်နေစဉ် ယမန်နေ့ အောက်တိုဘာလ
၂၁ ရက်၊ နံနက် ၁၀ နာရီခန့်က ဟိုပုံကျေးရွာအနီး၌ အွန်လိုင်း လိမ်လည်လောင်းကစားမှု
ကျူးလွန်ရာတွင် အသုံးပြုသည့် အလုပ်ရုံ၊ လူနေတဲများနှင့်အတူ Star Link ၃
လုံး၊ Laptop ၈ လုံး၊ Power Station ၄ လုံး၊
ဖုန်းမျိုးစုံ ၂၀ လုံး၊ Network လိုင်းခွဲစက် ၇ လုံး၊ Network
Router ၃ လုံး၊ မီးစက်(အကြီး) ၁ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၃၀ လုံး၊
ခေါက်စားပွဲ ၄ လုံး နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့က အဆိုပါနေရာ တစ်ဝိုက်အား ဆက်လက် ရှင်းလင်းရာ တရုတ်နိုင်ငံသား
အမျိုးသား ၃ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ
ဆောင်ရွက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ
အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment