အောင်ပွဲရ ရှမ်းပြည်နယ်ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, October 12, 2026

အောင်ပွဲရ ရှမ်းပြည်နယ်ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြု

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

.

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက် ဆု ရရှိခဲ့သည့် ရှမ်းပြည်နယ်ပြေးခုန်ပစ်အသင်းအား ယနေ့ အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

.

.

ဂုဏ်ပြုကြိုဆိုပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက အမှာစကးပြောကြားခဲ့ပြီး စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ် ပြေးခုန်ပစ်အသင်းက တံခွန်စိုက်ဖလားကို ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအရပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး အောင်ပွဲရအသင်းနှင့် ဆုရ အားကစား သမားများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

‎

.

‎ထို့အပြင် ၂၀၀၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် စံချိန်သစ် တင်ခဲ့သည့် ရှမ်းပြည်နယ်မှ သံလုံးပစ်ကစားသမား မောင်ဟိန်းသူရမိုးအား ဆုချီးမြှင့် ပေးအပ် ခဲ့ကြောင်း သိရသည်။

.

မောင်ဟိန်းသူရမိုးသည် ကချင်ပြည်နယ်မှ မောင်ဒီရဲဝူ စံချိန်တင်ခဲ့သည့် ၁၄ ဒသမ ၄၃ မီတာ ထက် ကျော်လွန်၍ ၁၄ ဒသမ ၅၄ မီတာဖြင့် နှစ်ပေါင်း ၂၀ ကြာ စံချိန်ကို ချိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ကချင်ပြည်နယ်မှ မောင်ဒီရဲဝူ၏ စံချိန် ၁၄ ဒသမ ၄၃ မီတာ ထက်သာလွန်၍ ရှမ်းပြည်နယ်မှ မောင်ဟိန်းသူရမိုး က စံချိန် ၁၄ ဒသမ ၅၄ မီတာဖြင့် နှစ်ပေါင်း ၂၀ ကြာမှ စံချိန်သစ်ကိုတင်နိုင်ခဲ့သည်" ထို့နောက် မောင်ဟိန်းသူရမိုးအားစံချိန်သစ်တင်ဆု ချီးမြင့်ပေးခဲ့သည် ဟုသိရပါသည်။

‎.

ထို့နောက် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် ရှမ်းပြည်နယ် အောင်ပွဲရပြေးခုန်ပစ်အသင်း ကိုယ်စားလှယ်တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

‎.

‎အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

.

No comments:

Post a Comment

Pages