တောင်ကြီးတွင် ဗုဒ္ဓဝင်နှင့် ၃၈ ဖြာ မင်္ဂလာစာမေးပွဲ အောင်မြင်သူများအား ဆုချီးမြှင့်ပြီး ဆရာဖြစ် သင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, October 12, 2026

တောင်ကြီးတွင် ဗုဒ္ဓဝင်နှင့် ၃၈ ဖြာ မင်္ဂလာစာမေးပွဲ အောင်မြင်သူများအား ဆုချီးမြှင့်ပြီး ဆရာဖြစ် သင်တန်း ဖွင့်လှစ်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

.

ရှမ်းပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူးကျင်းပသည့် ၇၆ ကြိမ်မြောက် ဗုဒ္ဓဝင်နှင့် ၃၈ ဖြာ မင်္ဂလာစာမေးပွဲ အောင်မြင်သူများအား ဆုချီးမြှင့်ပွဲနှင့် ဆရာဖြစ်သင်တန်းကို ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်၊ သံဃာသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာ ဘိဝံသက ဩဝါဒ ကထာ မြွက်ကြားချီးမြှင့်ပြီး နိုင်ငံတော်သြဝါဒစရိယ၊ တောင်ကြီးမြို့၊ စွန်းလွန်းဂူကမ္မဌာန်း ကျောင်းတိုက်ဦးစီး ပဓာန နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသမှ မဟာပဋ္ဌာန်းမြတ် ဝိပဿနာကျမ်းဒေသနာနှင့် ပတ်သက်၍ ဩဝါဒကထာ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

ထို့နောက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး YMBA ဗဟို ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးမြင့်အောင်သန်းက ဝမ်းမြောက် စကား တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက YMBA နှစ် ၁၂၀ ပြည့်အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ၇၆ ကြိမ်မြောက် ဗုဒ္ဓဝင်နှင့် ၃၈ ဖြာမင်္ဂလာ တရားတော်စာမေးပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား  လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး စွန်းလွန်းဆရာတော်ဘုရားကြီးက မဟာပဋ္ဌာန်းမြတ် ဝိပဿနာကျမ်း စာအုပ်များအား ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages