မာလီစစ်တပ်နဲ့ ရုရှားတပ်ဖွဲ့တွေတိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်နဲ့ချီ သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, October 19, 2026

မာလီစစ်တပ်နဲ့ ရုရှားတပ်ဖွဲ့တွေတိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်နဲ့ချီ သေဆုံး

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

.

မာလီစစ်တပ်နဲ့ ရုရှားတပ်ဖွဲ့တွေဟာ လက်နက်ကိုင်သူပုန်တွေကို နှိမ်နင်းဖို့ စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့တဲ့ ပြီးခဲ့တဲ့လတွေမှာ အရပ်ဖက်စစ်ဖက် မခွဲခြားဘဲ ဒရုန်းနဲ့  တိုက်ခိုက်တာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပြီး အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

.

.

ACLED ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ ဒီနှစ် ဧပြီလကနေ ဩဂုတ်လအတွင်း ဒရုန်း တိုက်ခိုက်မှုတွေနဲ့ အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုဟာ မနှစ်က အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် နှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။

.

အယ်လ်ကေးဒါးအဖွဲ့နဲ့ ဆက်နွှယ်တဲ့ JNIM လက်နက်ကိုင်အဖွဲ့နဲ့ တူအာရက်ဦးဆောင်တဲ့ ခွဲထွက်ရေး တပ်ဖွဲ့ တွေက နိုင်ငံအနှံ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မာလီစစ်တပ်နဲ့ ရုရှားတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ အရှိန်မြှင့်ခဲ့တာ ဖြစ်ပါတယ်။

.

ဧပြီ ၂၅ ရက်က သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် မာလီကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့သလို မြို့အများ အပြားနဲ့ မြို့တော် ဘာမာကိုရှိ အဓိကလေဆိပ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်က အနောက် အာဖရိက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ မာလီမှာ လုံခြုံရေးအခြေအနေ တိုးတက်ကောင်း မွန်လာအောင် အစိုးရက ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတာကို ပြသနေပါတယ်။

.

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွေကတစ်ဆင့် အာဏာရလာတဲ့ မာလီစစ်ခေါင်းဆောင်တွေဟာ သူပုန်တွေကို တိုက်ခိုက်ရာမှာ ရုရှားရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ ဧပြီ ၂၅ ရက် တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာလည်း ရုရှားရဲ့ အာဖရိကကော် (Africa Corps) အမည်ရှိ စစ်ဘက်ဆိုင်ရာအဖွဲ့ကို အသုံးပြု ခဲ့ပါတယ်။

.

အမေရိကန်အခြေစိုက် ACLED ရဲ့ အချက်အလက်တွေအရ ဒီနှစ် ဧပြီလကနေ ဩဂုတ်လအတွင်း မာလီ စစ်တပ်နဲ့ Africa Corps တို့ဟာ ဒရုန်းတိုက်ခိုက်မှု ၄၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး အရပ်သား ၉၄ ဦး သေဆုံးခဲ့ ပါတယ်။ မနှစ်က အလားတူကာလမှာတော့ ဒရုန်းတိုက်ခိုက်မှု ၂၂ ကြိမ်ကြောင့် အရပ်သား ၄၄ ဦး သေဆုံး ခဲ့တာဖြစ်ပါတယ်။

.

HRW ရဲ့ အစီရင်ခံစာမှာ အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်တွေ လည်း ပါဝင်ပါတယ်။ ဩဂုတ် ၁၉ ရက်က မာလီနိုင်ငံအလယ်ပိုင်း ဘန်ဒီယာဂါရာဒေသရှိ နွားဈေး တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၆ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင် ၂၉ ရက် မနက်မိုးမလင်းခင်မှာ အယ်လ်ဂျီးရီးယားနယ်စပ်အနီး မြောက်ပိုင်း ကီဒယ်လ်ဒေသရှိ ကျန်းမာရေး စင်တာတစ်ခုကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ HRW က ဖော်ပြပါတယ်။

.

ဒရုန်းတိုက်ခိုက်မှုတွေအပြင် အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဇူလိုင် ၁၂ ရက်က ဆီဂူးဒေသမှာ စစ်သားတွေဟာ တိုက်ခိုက်သူတွေလို့ မှားယွင်း ယူဆပြီး မိန်းကလေးငယ် ၅ ဦးကို ပစ်သတ်ခဲ့တယ်လို့ HRW က ပြောပါတယ်။

.

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မာလီစစ်တပ်ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ HRW ကလည်း သူတို့ရဲ့ တွေ့ရှိချက်တွေကို အသေးစိတ်ဖော်ပြထားတဲ့ စာတစ်စောင်ကို ဩဂုတ် ၅ ရက်မှာ မာလီကာကွယ်ရေးဝန်ကြီးထံ ပေးပို့ခဲ့ပေမဲ့ အကြောင်း ပြန်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

.

မာလီအစိုးရဟာ အရင်ကလည်း သူပုန်နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဘာမာကိုမြို့ရှိ ရုရှားသံရုံးကလည်း Africa Corps ရဲ့ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။

.

တစ်ဖက်မှာလည်း JNIM နဲ့ တူအာရက်ဦးဆောင်တဲ့ ခွဲထွက်ရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို HRW ရဲ့ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။ ဇူလိုင်လအတွင်း မြောက်ပိုင်း ဂေါ်ဒေသမှာ စစ်သား ၁၉ ဦးကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ပါဝင်ပါတယ်။

.

JNIM အဖွဲ့ရဲ့ ရှရီယာဥပဒေကော်မတီက အဲဒီသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း HRW ကို ပြောကြားခဲ့ပေမဲ့ သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာကိုတော့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီလိုလုပ်ရပ်မျိုးဟာ သူတို့အဖွဲ့ရဲ့ မူဝါဒမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ တူအာရက်ဦးဆောင်တဲ့ အဇာဝါဒ် လွတ်မြောက်ရေးတပ်ဦး ကလည်း စစ်သားတွေကို ကွပ်မျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages