.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင်
အောက်တိုဘာလ ၈ ရက်၊ ညပိုင်းက ငါးမန်းဂိမ်းစက် လောင်းကစားဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး
မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လားရှိုးမြို့နယ်၊ အထက်မန်အိုင်ကျေးရွာရှိ ဉာဏ်ထွန်း ငှားရမ်းနေထိုင်သည့်
နေအိမ်တွင် ငါးမန်းဂိမ်းစက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ အောက်တိုဘာလ ၈
ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်က ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ဝင်ရောက်ရှာဖွေရာတွင် နေအိမ်၏
အခန်းတစ်ခန်းအတွင်းမှ အဖြူရောင် ငါးမန်းဂိမ်းစက် တစ်လုံးနှင့် အတူ ဂိမ်းအမှတ်ဖြည့်
လုပ်ကိုင်ပေးနေသူတစ်ဦးနှင့် လောင်းကစားပြုလုပ်နေသူ ၈ ဦး၊ စုစုပေါင်း ၉ ဦးတို့ကို
လက်ကိုင်ဖုန်း ၇ လုံး၊ ဆိုင်ကယ်တစ်စီး၊ လောင်းကစားငွေ ၃၈၀၀၀၀ ကျပ် တို့နှင့်အတူ
ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
ယင်း ငါးမန်းလောင်းကစားဝိုင်း ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ ငါးမိန်းဂိမ်းစက် လောင်းကစားဝိုင်းတွင် အမှတ်ဖြည့်ဝန်ထမ်း လုပ်ကိုင် နေသူ
အမျိုးသမီးနှင့် လောင်းကစားသူ ၈ ဦးအပြင် လောင်းကစာဝိုင်း ဖွင့်လှစ်လုပ်ကိုင်သူ
ဉာဏ်ထွန်း တို့အား လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
.
ထို့အပြင် အဆိုပါ နေအိမ်၏ အခြားအခန်းတစ်ခုအား
မူးယစ်ဆေးဝါးသတင်းအရ ထပ်မံရှာဖွေရာ မူးယစ်ဆေးဝါး ရောင်းချသူ ချိန်ဝေပြည့် ဆိုသူအား
အသင့်တွေ့ရပြီး အခန်းအတွင်းရှိ သေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀ ပြား၊
ကာလတန်ဖိုး ၁၆၀၀၀၀၀ ကျပ်၊ ဘိန်းဆီခဲ ၁၆၈၀ ဂရမ်၊ ကာလတန်ဖိုး ၃၀၂၄၀၀၀ ကျပ်နှင့်
ဘိန်းမဲ ၂၈၀ ဂရမ်၊ ကာလတန်ဖိုး ၂၄၀၀၀၀ ကျပ်နှင့်အတူ မူးယစ်ဆေးဝါး ချက်လုပ် ရာတွင်
အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးများအား ရောင်းဝယ်သူ ဉာဏ်ထွန်းနှင့်
ချိန်ဝေပြည့် တို့ ၂ ဦးအား လားရှိုးမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက
“ဖမ်းဆီးရမိတာ ဟုတ်ပါတယ်။ စစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု အတည်ပြု ပြောဆိုခဲ့သည်။
.

No comments:
Post a Comment