.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် ၂၅ နှစ်အောက်
အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ပြိုင်ပွဲကို ယမန်နေ့ အောက်တိုဘာလ ၉ ရက်၊ ညနေပိုင်းက
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် လေ့ကျင့်ရေး အားကစားရုံတွင် ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုးက ရှမ်းပြည်နယ်အတွင်း ဖူဆယ် အားကစားကို ယခုထက် ပိုမို ကျယ်ကျယ်ပြန့်ပြန့်
သိရှိလိုက်စားလာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ် ဖူဆယ်ကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊
ဖူဆယ်အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမို စိတ်ဝင်စားလာစေရန်၊
ပြည်နယ်အတွင်း ဖူဆယ်အားကစားနည်း ပြန့်ပွားလာစေရန်၊ ဖူဆယ်အားကစား အဆင့်အတန်း
တိုးတက်မြင့်မားလာစေရေး အထောက်အကူပြုရန်၊ အားကစားသမားများအချင်းချင်း
စည်းလုံးညီညွှတ်မှု ပိုမိုရရှိလာစေရန်နှင့် ရှမ်းပြည်နယ်ကိုယ်စားပြု
ဖူဆယ်လက်ရွေးစင်ကစားသမားကောင်း များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ
ပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက
အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်
ဦးစိုင်းထိန်စိုး ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများက
ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုးက ဘင်ခရာအဖွဲ့ အား ဂုဏ်ပြုဆုငွေ
ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပထမပွဲစဉ်အဖြစ် ကျိူင်းတုံခရိုင်အသင်းနှင့်
တောင်ကြီးခရိုင် အသင်းတို့ စတင်ယှဉ်ပြိုင်ကစား ကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဖိတ်ကြားထား သူများနှင့်
အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါပြိုင်ပွဲသို့ ခရိုင်ပေါင်း ၉ ခုမှ ပြိုင်ပွဲဝင် ဖူဆယ်အသင်းများ
ဝင်ရောက်ယှဉ်ပြိုင် ကစားလျက်ရှိပြီး ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.

.jpg)
No comments:
Post a Comment