မလေးရှားဝန်ကြီးချုပ်ရုံး ညွှန်ကြားချက်အရ အစိုးရဝန်ထမ်းတွေ Waze လမ်းညွှန် APP အသုံးပြုခွင့် ပိတ်ပင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, October 21, 2026

မလေးရှားဝန်ကြီးချုပ်ရုံး ညွှန်ကြားချက်အရ အစိုးရဝန်ထမ်းတွေ Waze လမ်းညွှန် APP အသုံးပြုခွင့် ပိတ်ပင်



မလေးရှားအစိုးရ ဝန်ထမ်းတွေအနေနဲ့ လမ်းညွှန်အက်ပ် Waze ကို အသုံးမပြုတော့ဖို့ အစိုးရအတွင်းရေးမှူးချုပ် တန်ဆရီ ရှမ်ဆူလ် အဇရီ အဘူ ဘာကာက အောက်တိုဘာ ၂၀ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
.
ဒီ ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၂၀ ရက်မှာ ဝန်ကြီးချုပ် ဒါတုတ် ဆရီ အန်ဝါ အီဘရာဟင် ဦးဆောင်တဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေးကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ညွှန်ကြားချက်မှာ ဖော်ပြထား ပါတယ်။
.
ဝန်ကြီးဌာနတွေရဲ့ အထွေထွေအတွင်းရေးမှူးတွေနဲ့ ဌာနအကြီး အကဲတွေက သူတို့လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေအား လုံး၊ သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကိုပါ ဒီဆုံးဖြတ်ချက်ကို အသိပေးပြီး ချက်ချင်း အကောင်အထည်ဖော်ဖို့ သေချာစေရမယ်လို့ ဆိုပါတယ်။ ဒီညွှန်ကြားချက်နဲ့ ပတ်သက် ပြီး မေးမြန်းလိုတာ ဒါမှမဟုတ် ရှင်းလင်းချက်တောင်းလိုတာရှိရင် ဝန်ကြီးချုပ်ရုံးက အမျိုးသားလုံခြုံရေး ကောင်စီအောက်မှာရှိတဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေးအေဂျင်စီ (Nacsa) ကို ဆက်သွယ်ရမှာဖြစ်ပါတယ်။
.
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဒီညွှန်ကြားချက်ဟာ အမှန်ဖြစ်ကြောင်း Nacsa အကြီးအကဲ ဒေါက်တာ မီဂတ် ဇူဟိုင်ရီ မီဂတ် တာဂျူဒင်က အတည်ပြုပါတယ်။
.
ဝန်ကြီးချုပ် အန်ဝါကလည်း အောက်တိုဘာ ၂၀ ရက်က အစည်းအဝေးမှာ သတင်းအချက်အလက် လုံခြုံရေး ဆိုင်ရာ အန္တရာယ်တွေနဲ့ Waze ကနေ ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှု အချက်အလက်တွေ ပေါက်ကြား နိုင်ခြေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
.
Waze ဟာ အစ္စရေးအစိုးရရဲ့ ဥပဒေတွေကို လိုက်နာရတဲ့ အတွက် ဒီလိုစိုးရိမ်မှုတွေ ဖြစ်လာတာလို့လည်း ဆိုပါတယ်။
.
အန်ဝါက Waze အစား မလေးရှား အဝေးပြေး လမ်းမကြီးအာဏာပိုင်အဖွဲ့က ဖန်တီးထားတဲ့ ပြည်တွင်း လမ်းညွှန်အက်ပ် TuJu ကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။
.
Ref – The Star

 

No comments:

Post a Comment

Pages