.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
.
ဩစတြေးလျနိုင်ငံမှာ အလုပ်ရမယ်လို့ လိမ်လည်ခံခဲ့ရတဲ့
ထိုင်းနိုင်ငံသားတွေဟာ ဘတ်ငွေ ၁၀ သန်းကျော် ဆုံးရှုံးထားရတာကြောင့် အမြန်ဆုံး
စုံစမ်းစစ်ဆေးပေးဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနကို တိုင်ကြားလိုက် ပါတယ်။
.
.
လူမှုကွန်ရက်ကနေတစ်ဆင့် ထိုင်းအလုပ်သမားတွေကို
စည်းရုံးခေါ်ယူခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အလုပ် အကိုင်
page တစ်ခုကို တိုင်ကြားဖို့နဲ့ သက်သေ အထောက်အထားတွေ တင်ပြဖို့
အင်္ဂါနေ့မှာ ထိခိုက်နစ်နာသူ တွေဟာ BSJ
Law Firm ဥပဒေအကြံပေးအဖွဲ့နဲ့အတူ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)
ကို လာရောက်ခဲ့တယ် လို့
သတင်းမှာဖော်ပြထားပါတယ်။
.
အဲဒီအလုပ်အကိုင်ရှာဖွေရေး page ဟာ
ဩစတြေးလျမှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်လို့ ကတိ ပေးပြီးနောက်
လူတစ်ဦးချင်းစီဆီက အပ်ငွေနဲ့ စာရွက်စာတမ်းလုပ်ဆောင်ခအဖြစ် ဘတ်သိန်းနဲ့ချီ
တောင်းခံခဲ့ ပါတယ်။ အဲဒီလို
ဘတ်သိန်းချီတောင်းပေမယ့် ဩစတြေးလျကို အမှန်တကယ်ပို့ပေးခဲ့ တာမျိုး မရှိတာ ကြောင့် လာရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
.
ဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ
ထိုင်းနိုင်ငံတစ်ဝန်း လူဒါဇင်နဲ့ချီ အလိမ်ခံထားရပြီး တချို့က ဩစတြေးလျ
သွားဖို့အတွက် ဝန်ဆောင်ခကို ချေးယူခဲ့ကြတယ်လို့ ဆိုပါတယ်။
.
တိုင်ကြားသူတွေက ငွေကြေးလွှဲပြောင်းမှုတွေကို
လိုက်လံစစ်ဆေးဖို့၊ စာချုပ်တွေနဲ့ သက်ဆိုင်ရာစာရွက် စာတမ်း တွေကို စစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို တရားစွဲဆိုအရေးယူဖို့
တောင်းဆိုထားပါတယ်။
.
Ref
– Bangkok Post
.

No comments:
Post a Comment