.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်
.
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း
နေအိမ်မှ လုပ်ဆောင်ရန် သတ်မှတ်ထား ချက်ကို ပယ်ဖျက်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က
ယမန်နေ့ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
.
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီ
ရှားပါးမှုကို ကြိုတင်ကာကွယ်ရန် အတွက် စက်သုံးဆီ သုံးစွဲမှုကို ချွေတာလျှော့ချရန် ရည်ရွယ်၍
အစိုးရအရာထမ်း၊ အမှုထမ်းများအား မိမိ နေထိုင်ရာ နေအိမ်၊ အဆောင်များ၌သာ ရုံးလုပ်ငန်းများ
ဆောင်ရွက်ရန် ပြီးခဲ့သည့် မတ်လ ၂၅ ရက်က စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Work
From Home ဆောင်ရွက်ရန် သတ်မှတ်ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ညွှန်ကြားချက်အား အောက်တိုဘာလ ၁၀ ရက်မှ စတင်၍ ပယ်ဖျက်ကြောင်း
နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
.
ထို့အပြင် အစိုးရဝန်ထမ်းများ၏ ရုံးတက်ချိန်ကို မနက် ၉
နာရီခွဲအစား မနက် ၉ နာရီသို့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ကြောင်း
ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.

No comments:
Post a Comment