.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ
စဝ်စံထွန်းပြည်သူ့ဆေးရုံဝင်းအတွင်း အောက်တိုဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးထံမှ
စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
အောက်တိုဘာလ ၉ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါး သတင်းအရ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံဝင်းအတွင်းရှိ
အရိုးကုသဆောင် ရှေ့တွင် စောင့်ဆိုင်းနေစဉ် ဖြတ်သန်းလာသည့် CANDA 125 အမျိုးအစား
အနီ/အနက်ကြား ဆိုင်ကယ်စီးနင်းလာသူအား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်စီးနင်းလာသူမှာ တောင်ကြီးမြို့၊
ကံကြီးရပ်ကွက်နေ သိန်းဌေး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ
WY စာတမ်းပါ ပန်းရောင်စိတ် ကြွမူးယစ် ဆေးပြား ၂၀၀ ပြား စီပါ ၃ ထုပ်၊
စုစုပေါင်း ဆေးပြား ၆၀၀၊ ကာလတန်ဖိုး ၃၀၀၀၀၀ ကျပ်အား ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ တရားမဝင် မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှာ
လက်ဝယ်တွေ့ရှိသူ သိန်းဌေး အား တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment