.
.
❏ တောင်ကြီးတန်ဆောင်တိုင်
ရိုးရာမီးပုံးပျံပြိုင်ပွဲ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံများ မဲနှိုက်ရွေးချယ်
.
၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်
လွှတ်တင်မည့် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံအဖွဲ့များအား ယနေ့ နိုဝင်ဘာလ ၇
ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း အတွင်း၌ မဲနှိုက်ရွေးချယ်ခဲ့ကြောင်း
သိရသည်။
.
❏ မုံတဝလိုဏ်ဂူ ထိန်းသိမ်းစောင့်ရှောက်ရေး
အသိပညာပေး ဟောပြောဆွေးနွေး
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
မုံတဝလိုဏ်ဂူ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသိပညာပေး
ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နိုဝင်ဘာလ ၆ ရက်က တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်
ယဉ်ကျေးမှုအသင်း ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
❏ တောင်ကြီးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး
အသိပညာပေးဟောပြော
.
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ အမှတ် (၇)
အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နိုဝင်ဘာလ ၆ ရက်၊ နေ့လယ်ပိုင်းက ယာဉ်အန္တရာယ်၊
လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment