တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ
iCar (18) Auto Service Center ၌ ယနေ့ နိုဝင်ဘာလ ၇ ရက်၊ ည ၁၀ နာရီခွဲကျော်ခန့်က မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မီးလောင်ရာသို့
မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြည်သူများက မီးသတ်ရေယာဥ်(၃)စီး၊
ရေသယ်ယာဥ်(၂)စီး တို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြသဖြင့် ၁၁ နာရီခွဲခန့်တွင်
မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် လူ ထိခိုက်မှု တစ်စုံတရာ မရှိခဲ့သော်လည်း၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီး ဆုံးရှုံးရသည်ကို တွေ့မြင်ရပြီး ပျက်စီးမှု အသေးစိတ် အချက်အလက်များနှင့် မီးလောင်ကျွမ်းမှု အသေးစိတ် အခြေအနေများကို မသိရသေးဘဲ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။




No comments:
Post a Comment