တန်ဆောင်တိုင် ၁၀ ရက်အတွက် ဝိုင်ဖိုင်ကြေး ၆ လစာ ပေးဆောင်နေရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 8, 2026

တန်ဆောင်တိုင် ၁၀ ရက်အတွက် ဝိုင်ဖိုင်ကြေး ၆ လစာ ပေးဆောင်နေရ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

.

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ၁၀ ရက် အသုံးပြုနိုင်ရန်အတွက် ဝိုင်ဖိုင်အင်တာနက်လိုင်း များ တပ်ဆင်အသုံးပြုရာတွင် ၆ လစာ ပေးဆောင်နေရသဖြင့် ပွဲတော်အတွင်း ဈေးရောင်းချသူများ၊ ကုမ္ပဏီများ၊ လုပ်ငန်းများနှင့် သတင်းမီဒီယာ လုပ်ငန်းများအတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

.

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော် ၁၀ ရက် အသုံပြုနိုင်ရန်အတွက် ဝိုင်ဖိုင်အင်တာနက်လိုင်းများကို ရက်တို တပ်ဆင်၍မရဘဲ အနည်းဆုံး ၆ လစာ ပေးသွင်း ရမည် ဖြစ်သဖြင့် ပွဲတော်အတွင်း အင်တာနက်လိုင်း အသုံးပြုရသည့် လုပ်ငန်းအားလုံး အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

ပွဲတော်ကာလအတွင်း လူဦးရေ ကြပ်တည်းမှုကြောင့် ဖုန်းအင်တာနက်လိုင်းများ အသုံးပြု၍ မရနိုင်ဘဲ ဝိုင်ဖိုင် အင်တာနက်လိုင်းများမှာလည်း အနည်းဆုံး ၆ လမှ ၁ နှစ်စာအထိ ပေးသွင်းရမည်ဖြစ်သည့်အတွက် ပွဲတော် ၁၀ ရက် အသုံးပြုရန်မှာ မတန်တဆ ပေးချေရမည်ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“ပွဲခင်းထဲမှာ ဖုန်းအင်တာနက်လိုင်းကတော့ လုံးဝသုံးလို့မရတာ သေချာတယ်။ ဖုန်းပြောဖို့တောင် မလွယ်ဘူး။ ဝိုင်ဖိုင် တွေကလည်း အခုလို ၆ လစာ ကြိုသွင်းရမယ်ဆိုတော့ အခက်အခဲဖြစ်တာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့အခြေစိုက် သတင်းမီဒီယာလုပ်ငန်းများ အပြင် ပြည်တွင်းရှိ သတင်းမီဒီယာလုပ်ငန်းများအနေဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ မြင်ကွင်းများကို မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာတစ်ဝန်း သိရှိနိုင်စေရန် အချိန်နှင့်တစ်ပြေးညီ သတင်း ဓာတ်ပုံများ၊ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခြင်းများ ပြုလုပ်လိုသော် လည်း အင်တာနက်လိုင်း အခက်အခဲကြောင့် တင်ဆက်ရန် မသေချာ ဖြစ်နေကြောင်း သိရသည်။

.

ကမ္ဘောဇတိုင်းမှ တောင်ကြီးမြို့ရှိ အင်တာနက်ဝိုင်ဖိုင် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအား ဆက်သွယ်စုံစမ်းရာတွင် တန်ဆောင်တိုင်ကာလ ၁၀ ရက် အသုံးပြုရန် 50 Mbs အင်တာနက်လိုင်းအတွက် တစ်ည ကျပ် ၁၀ သိန်းခန့် ကျသင့်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုထားပြီး ကျန် အင်တာနက်ဝိုင်ဖိုင် ဝန်ဆောင်မှုလုပ်ငန်းများမှာ ၆ လ စာချု့ပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း ပြေဆိုထားသည်။

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နှင့် သက်ဆိုင်ရာ ဌာနများအနေဖြင့် ယင်းကဲ့သို့ အင်တာနက် လိုင်း အခက်အခဲဖြစ်ပေါ်နေမှုကို တစ်နည်းနည်းဖြင့် ညှိနှိုင်းဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages