အလုပ်သမားရှားပါးမှုကြောင့် သီရိလင်္ကာအလုပ်သမား ၁၀,၀၀၀ ခေါ်ယူဖို့ ထိုင်း အတည်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 8, 2026

အလုပ်သမားရှားပါးမှုကြောင့် သီရိလင်္ကာအလုပ်သမား ၁၀,၀၀၀ ခေါ်ယူဖို့ ထိုင်း အတည်ပြု

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

.

အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ သီရိလင်္ကာနိုင်ငံက အလုပ်သမားတွေကို ခေါ်ယူမယ့်အစီအစဉ်ကို ထိုင်းအစိုးရက အတည်ပြုလိုက်ပြီး ပထမအဆင့်အနေနဲ့ အလုပ်သမား ၁၀,၀၀၀ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ဟာ ဒီနှစ်အစောပိုင်းမှာ ထိုင်းနဲ့ သီရိလင်္ကာကြား အလုပ်သမားရေးရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ထွက်ပေါ်လာတာပါ။

.

.

ဒီအစီအစဉ်က လုပ်ငန်းကဏ္ဍတချို့မှာ အလုပ်သမားရှားပါးမှု ဆက်ဖြစ်နေတဲ့အတွက် ထိုင်းအလုပ်ရှင်တွေအတွက် နောက်ထပ် ရွှေ့ပြောင်းအလုပ်သမားရင်းမြစ်တစ်ခု ရရှိစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

.

ဝန်ကြီး ဂျူလာပွန်က အလုပ်သမားရှားပါးမှုကြောင့် လုပ်ငန်းတွေရဲ့ လည်ပတ်မှု မထိခိုက်စေဖို့ အလုပ်သမား ခေါ်ယူနိုင်မယ့် နည်းလမ်းတွေကို တိုးချဲ့ဖို့ အစိုးရက ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

.

သီရိလင်္ကာဟာ ထိုင်းနိုင်ငံအတွက် နောက်ထပ်အလုပ်သမားရင်းမြစ်နိုင်ငံတွေအဖြစ် သတ်မှတ်ထားတဲ့ ပထမဆုံးနိုင်ငံ တွေထဲက တစ်နိုင်ငံဖြစ်ပြီး ပထမအဆင့်မှာ အလုပ်သမား ၁၀,၀၀၀ ခေါ်ယူဖို့ သတ်မှတ်ထားပါတယ်။

.

ထိုင်းအစိုးရအဖွဲ့က စက်တင်ဘာ ၈ ရက်မှာ ထိုင်းနဲ့ သီရိလင်္ကာကြား အလုပ်သမားပူးပေါင်း ဆောင်ရွက်ရေး MOU နဲ့ သီရိလင်္ကာအလုပ်သမားတွေ ထိုင်းမှာ အလုပ်လုပ်ကိုင်ရေးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုခဲ့ပြီးနောက် အခု ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

.

အဲဒီသဘောတူညီချက်တွေမှာ အလုပ်သမားခေါ်ယူရေး၊ အလုပ်ခန့်ထားမှုစာချုပ်၊ ကျန်းမာရေးစစ်ဆေးမှုနဲ့ မူလနိုင်ငံကို ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပါဝင်ပါတယ်။

.

ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတချို့မှာ အလုပ်သမားလိုအပ်ချက် ဆက်လက်မြင့်မားနေပြီး စက်မှုလုပ်ငန်းရှင်တွေနဲ့ အလုပ်ရှင်တွေက အလုပ်သမားရှားပါးမှုကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။

.

ဒါကြောင့် အစိုးရက နိုင်ငံခြားအလုပ်သမားတွေကို တရားဝင်အလုပ်ခန့်ထားမှုစနစ်နဲ့ ခေါ်ယူနိုင်ဖို့ နောက်ထပ် လမ်းကြောင်းတွေ ဖန်တီးနေပါတယ်။

.

အခုအစီအစဉ်ဟာ ထိုင်းနိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားရင်းမြစ်နိုင်ငံတွေကို တိုးချဲ့ပြီး နိုင်ငံခြားအလုပ်သမားတွေ ကို တရားဝင်အလုပ်ခန့်ထားမှုစနစ်ထဲ ထည့်သွင်းဖို့ ကြိုးပမ်းနေတဲ့ နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

.

Ref – Khaosod

.

No comments:

Post a Comment

Pages