.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
.
၂၀၂၆ ခုနှစ် အောင်ပန်းတန်ဆောင်တိုင်
မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟိုက်ဒြိုကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ကလောခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် မီးပုံးပျံငယ်များ၊
မီးရှူးမီးပန်းများ ပစ်ဖောက်လွှတ်တင်ပြီး တိုင်းရင်းသားရိုးရာ အကအလှများဖြင့်
ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး အောင်ပန်းဆရာတော်ဘုရားကြီး၏ သက်တော်
၈၀ ပြည့်နှစ်အား ဂုဏ်ပြုပူဇော်သည့် စိန်နားပန်မီးပုံးပျံ တစ်လုံး
လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
.
အောင်ပန်းတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို
ယနေ့ နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ၆ ရက်ကြာ ပြုလုပ် သွားမည်ဖြစ်ပြီး
ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ ၃၀ လုံး၊ စိန်နားပန်မီးပုံးပျံ ၁၃ လုံး၊
စုစုပေါင်း ၄၃ လုံး လွှတ်တင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
.
.jpg)
No comments:
Post a Comment