သင်္ဘောတွေကို ရေမြှုပ်မိုင်းထိမှန်ခဲ့တဲ့ သတင်းကြောင့် ရေနံဈေးတက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 26, 2026

သင်္ဘောတွေကို ရေမြှုပ်မိုင်းထိမှန်ခဲ့တဲ့ သတင်းကြောင့် ရေနံဈေးတက်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

.

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာပြီး ရေနံထောက်ပံ့မှု ပြတ်တောက်နိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာ တာကြောင့် ကြာသပတေးနေ့ အာရှဈေးကွက်အစောပိုင်းမှာ ရေနံဈေးတွေ ဆက်လက် မြင့်တက်လာပါတယ်။ ယီမင် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျရဲ့ အကြီးဆုံးရေနံချက်စက်ရုံကို တိုက်ခိုက် ခဲ့တယ်လို့ ပြောဆိုထားသလို ဟော်မုဇ် ရေလက်ကြားမှာလည်း ရေမြှုပ်မိုင်းတွေကြောင့် သင်္ဘောတွေ ထိခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

.

.

လက်ရှိ Brent ရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၀ ဆင့်၊ ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး ၉၄ ဒသမ ၇၁ ဒေါ်လာ ရှိလာပါတယ်။ အမေရိကန် WTI ရေနံစိမ်းဈေးကလည်း ၃၅ ဆင့်၊ ၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်ကို ၈၄ ဒသမ ၀၃ ဒေါ်လာ ရှိလာပါတယ်။ အမေရိကန်မှာ Thanksgiving အားလပ်ရက်ဖြစ်တာကြောင့် ကြာသပတေးနေ့ WTI ရေနံဈေး အခြေချသတ်မှတ်မှုကို ပြုလုပ်မှာမဟုတ်ပါဘူး။

.

ဗုဒ္ဓဟူးနေ့ကလည်း Brent ရေနံဈေး ၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး WTI ဈေးက ၂ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံ ရက်စ်တနူရာ ရေနံချက်စက်ရုံနဲ့ ရီယာ့ဒ်မြို့ ဘဏ္ဍာရေးခရိုင်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီးနောက် ရေနံဈေးတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

.

ရက်စ်တနူရာဟာ ဆော်ဒီရဲ့ အကြီးဆုံးရေနံချက်စက်ရုံဖြစ်သလို ရေနံတင်ပို့ရေး အဓိကဆိပ်ကမ်း တစ်ခုလည်း ပါဝင်တဲ့ စက်မှုလုပ်ငန်းစုကြီးဖြစ်တာကြောင့် တိုက်ခိုက်မှုတွေဟာ ရေနံဈေးအပေါ် ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်တန်ဖိုးကို ပိုမိုမြင့်တက်စေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

.

ဟော်မုဇ်ရေလက်ကြားမှာလည်း ရေနံသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ထိခိုက်နေပါတယ်။ အီရန်စစ်တပ်ရဲ့ ထုတ် ပြန်ချက်ကို ကိုးကားပြီး Fars သတင်းဌာနက ရေလက်ကြားအတွင်း ကန့်သတ် ထားတဲ့ နေရာတစ်ခုမှာ ရေနံတင် သင်္ဘောတစ်စင်း ရေမြှုပ်မိုင်းထိမှန်ပြီး မီးလောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

.

အဲဒီမတိုင်ခင် အီရန်နိုင်ငံပိုင်မီဒီယာတွေကလည်း ရေလက်ကြားအတွင်း ရေနံတင်သင်္ဘော ၂ စင်း မိုင်းထိမှန်ပြီး ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။ANZ ဘဏ်မှ သုံးသပ်သူ ဒန်နီယယ် ဟိုင်းစ်က အရှေ့အလယ်ပိုင်းပဋိပက္ခ ပိုမိုကျယ်ပြန့်လာတာဟာ မကြာသေးခင်ရက်သတ္တပတ်တွေက ပြန်လည် ကောင်းမွန်လာနေတဲ့ ရေနံစီးဆင်းမှုကို ရပ်တန့်သွားစေနိုင်တယ်လို့ သုံးသပ်ပါတယ်။

.

ရှန်ပင်လယ်ကွေ့က ရေနံတင်ပို့မှုဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ မြင့်တက်ခဲ့ပေမဲ့ ဆက်လက်ကျဆင်းနေတဲ့ အလားအလာ ရှိတယ်လို့လည်း ဆိုပါတယ်။OPEC+ အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေဟာ နိုဝင်ဘာ ၂၉ ရက်မှာ ၂၀၂၇ ခုနှစ်အတွက် ရေနံထုတ်လုပ်မှုမူဝါဒကို ဆုံးဖြတ်ဖို့ အစည်းအဝေးတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

.

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အဖွဲ့ထဲမှာ မရှိတော့တဲ့အခြေအနေအပြင် အီရတ်နဲ့ ကာဇက်စတန်တို့က ရေနံထုတ်လုပ်နိုင်စွမ်း ခန့်မှန်းချက်တွေကို မြှင့်တင်ပေးဖို့ တောင်းဆိုနေတဲ့အတွက် ထုတ်လုပ်မှုနဲ့ ဈေးကွက် အခြေအနေကို ချိန်ညှိဖို့ အခက်အခဲတွေ ရှိနေပါတယ်။

.

အမေရိကန်မှာလည်း နိုဝင်ဘာ ၂၀ ရက်အဆုံးသတ်တဲ့ သီတင်းပတ်အတွင်း ရေနံသိုလှောင်မှုဟာ စည် ၁ ဒသမ ၁ သန်း တိုးလာပြီး စုစုပေါင်း စည် ၄၁၈ ဒသမ ၉ သန်း ရှိလာတယ်လို့ အမေရိကန် စွမ်းအင် သတင်း အချက်အလက်ဌာန (EIA) က ထုတ်ပြန်ပါတယ်။ သုံးသပ်သူတွေက စည် ၁ ဒသမ ၅ သန်း တိုးမယ်လို့ ခန့်မှန်းထားတာထက် နည်းနေတဲ့အတွက် ဒီအချက်ကလည်း ရေနံဈေးမြင့်တက်မှုကို ဖြစ်လာစေတာလို့ ပြောပါတယ်။

.

Ref - Reuters

.

No comments:

Post a Comment

Pages