တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေ အမျိုးသားတစ်ဦး ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 8, 2026

တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေ အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး တစ်ပတ် ကျော်ကြာ ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နယ်မြေ (၁) နေ ကိုဝေယံကိုကိုထွန်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်ခွာသွားပြီးနောက် ယနေ့ နိုဝင်ဘာ ၈ ရက်၊ ညနေပိုင်းအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“၃၀ ရက်၊ မနက်က အလုပ်သွားမယ်ဆိုပြီး ထွက်သွားကတည်းက ပြန်မလာတော့ဘူး။ ဖုန်းဆက်လည်း မကိုင်ဘူး” ဟု ပျောက်ဆုံးနေသူ၏ မိခင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အမျိုးသား ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် လူပျောက် တိုင်တန်းထားပြီး ဖြစ်နိုင်သည့် နေရာများကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ ပျောက်ဆုံးနေသူ ကိုဝေယံကိုကိုထွန်းအား တွေ့ရှိပါက ဖုန်း ၀၉ ၉၇၁ ၇၇၀ ၇၆၈ သို့ ဆက်သွယ်အကြောင်း ကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။

.

လူပျောက်၊ ဆိုင်ကယ်ပျောက်မှုများနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုများကို လိမ်လည်ငွေညစ်တောင်းခံမှုများ လည်း ရှိတတ်သည့်အတွက် ဂရုပြုရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages