ထိုင်း-အမေရိကန် နျူကလီးယားပူးပေါင်းဆောင်ရွက်မှု လက်တွေ့အကောင်အထည်ဖော်ရန် ပြင်ဆင်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 14, 2026

ထိုင်း-အမေရိကန် နျူကလီးယားပူးပေါင်းဆောင်ရွက်မှု လက်တွေ့အကောင်အထည်ဖော်ရန် ပြင်ဆင်နေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

.

ထိုင်းနဲ့ အမေရိကန်တို့ဟာ Small Modular Reactor (SMR) နျူကလီးယားစွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေကြပြီး အမေရိကန်က ငွေကြေးထောက်ပံ့မှု ဖြစ်နိုင်ခြေလေ့လာမှု၊ ဥပဒေ မူဘောင်နဲ့ ကျွမ်းကျင်လုပ်သားမွေးထုတ်ရေး အစီအစဉ်တွေ ရှိနေပြီလို့ နိုဝင်ဘာ ၉ ရက် ဘန်ကောက်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

.

.

ထိုင်းရဲ့ လျှပ်စစ်စွမ်းအင်စီမံကိန်းမူကြမ်းမှာတော့  ၂၀၃၇ ခုနှစ်မှာ ပထမဆုံး SMR စတင်ဖို့နဲ့ ၂၀၅၀ ခုနှစ်မှာ နျူကလီးယားစွမ်းအင် ၉,၀၀၀ မဂ္ဂါဝပ် ရှိဖို့ ရည်မှန်းထားပါတယ်။

.

ထိုင်းနိုင်ငံ နျူကလီးယားနည်းပညာအင်စတီကျု (TINT) က ဒေါက်တာဝါစင် ဗက်ချဂါမာက အကြီးမားဆုံး စိန်ခေါ်မှု ဟာ ကျွမ်းကျင်လုပ်သားရှားပါးမှု ဖြစ်ပြီး လိုအပ်တဲ့လူ့စွမ်းအား မွေးထုတ်ဖို့ ဆယ်နှစ်ခန့် ကြာနိုင်တယ်လို့ ပြောပါတယ်။ ထိုင်းအနေနဲ့ စည်းမျဉ်းကြီးကြပ်သူ ၅၀ ကျော်၊ ဆောက်လုပ်ရေးလုပ်သား ၂,၀၀၀ ခန့်နဲ့ အမြဲတမ်းစက်ရုံဝန်ထမ်း ၅၀၀ ခန့် လေ့ကျင့်ခန့်ထားဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

.

နျူကလီးယားစွမ်းအင်ဟာ ထိုင်းရဲ့ လျှပ်စစ်လိုအပ်ချက်နဲ့ Net-zero ရည်မှန်းချက်တွေ ပြည့်မီရေး အတွက် အရေးကြီး တယ်လို့ ပြောခဲ့ကြပြီး လာမယ့် ၁၂ လအတွင်း ကျွမ်းကျင် လုပ်သားလေ့ကျင့်ရေး၊ နိုင်ငံတကာပညာရှင်ဖလှယ်ရေးနဲ့ အမေရိကန်-ထိုင်း ပူးပေါင်းသင်တန်းတွေ ကို ဦးစားပေးလုပ်ဆောင်ဖို့ ဆွေးနွေးသူတွေက တိုက်တွန်းခဲ့ကြပါတယ်။

.

Ref – The Nation

.

No comments:

Post a Comment

Pages