.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
.
တောင်ကြီးမြို့၏ အထင်ကရပွဲတော်ဖြစ်သည့်
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ခရီးသွားပြည်သူများ အပန်းဖြေ ခရီးသွားလာနိုင်ရန်အတွက်
တောင်ကြီး-ပေါမူ အပျော်စီး ရှုခင်းကြည့်ရထားကို နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍
ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.အဆိုပါ အပျော်စီးရထားသည် ပွဲတော်ကာလအတွင်း နေ့စဉ်
တောင်ကြီးဘူတာမှ နံနက် ၉ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး နေ့လယ် ၁၂ နာရီခွဲ တွင်
တောင်ကြီးဘူတာသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
.
ရထားလက်မှတ်ခများမှာ ရိုးရိုးတန်းတစ်ဦးလျှင် ၅,၀၀၀ ကျပ်နှင့် အထက်တန်းတစ်ဦးလျှင် ၁၀,၀၀၀ ကျပ်
သတ်မှတ်ထားပြီး ရထားလက်မှတ်နှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တောင်ကြီးဘူတာရုံသို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
.
ပုံမှန်ရက်များတွင် တောင်ကြီး – ပေါမူ
အပျော်စီးရထားကို တစ်ပတ်လျှင် တနင်္ဂနွေနေ့တစ်ရက်သာ ပြေးဆွဲပေးနေခြင်း ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်
ကာလအတွင်း ခရီးသည်ရရှိမှုအပေါ်မူတည်၍ နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့ပြင် တောင်ကြီးဘူတာမှ အခြားခရီးစဉ်များအဖြစ်
တောင်ကြီး–သာစည် ခရီးစဉ်၊ တောင်ကြီး-ကလော ခရီးစဉ် များလည်း ပြေးဆွဲပေးနေပြီး
တောင်ကြီး-သာစည် ခရီးစဉ်တွင် အထူးတန်းလက်မှတ်ခ ၁၄၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ်ခ
၁၂၀၀၀ ကျပ်နှင့် တောင်ကြီး-ကလောခရီးစဉ်တွင် အထူးတန်းလက်မှတ်ခ ၇၀၀၀ ကျပ်၊
ရိုးရိုးတန်းလက်မှတ်ခ ၆၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment