.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
.
ရှမ်းသက္ကရာဇ် ၂၁၂၁ ခုနှစ် နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ်
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံများ
လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မီးပုံးပျံများ
လွှတ်နိုင်ရေးအတွက် ယနေ့ နိုဝင်ဘာလ ၂၉ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးတွင် ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်းနှင့် မီးပုံးပျံ
လွှတ်တင်မည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
.
လွှတ်တင်မည့် မီးပုံးပျံ စာရင်းများကို ဒီဇင်ဘာ
၂ ရက်အထိ ကောက်ခံသွားမည်ဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၉ ရက်၊ ညနေပိုင်းအထိ လက်ခံရရှိထားသည့်
စာရင်းများအရ ညမီးကြီးမီးပုံးပျံ ၅ လုံး၊ စိန်နားပန်မီးပုံးပျံ ၁၀ လုံးနှင့် နေ့လွှတ်အရုပ်
၃၄ လုံး၊ စုစုပေါင်း ၄၉ လုံး ရှိပြီဖြစ်ကြောင်း သိရသည်။
.
ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းစာပေနှင့်
ယဉ်ကျေးမှုအသင်းခန်းမနှင့် အဝေရာကုန်းသာယာ မီးပုံးပျံကွင်း တို့တွင် လာမည့်
ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ လေးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
နှစ်သစ်ကူးပွဲတော်အတွင်း ပြည်တွင်းရှိ ရှမ်းတိုင်းရင်းသား
လူမျိုးစုများအပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများမှ ရှမ်းမျိုးနွယ်ဝင် တိုင်းရင်းသား
ကိုယ်စားလှယ်အဖွဲ့များကိုလည်း ဖိတ်ကြားထားပြီး ရှမ်းတိုင်းရင်းသားတို့၏ ဓလေ့ ထုံးစံများကို
အပြန်အလှန် ဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဗဟိုအဆင့်အဖြစ် ပြီးခဲ့သည့်
၂၀၁၉ ခုနှစ်က တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ၇ နှစ်အကြာ
ယခု ၂၀၂၆ ခုနှစ်တွင် တောင်ကြီးမြို့၌ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရဿည်။
.
အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်အား
ကမ္ဘောဇတိုင်းမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နိုင်ရေးအတွက် စီစဉ်နေလျက် ရှိပြီး
ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် အပြီးသတ် ညှိနှိုင်းဆွေးနွေးမှုများ
ပြုလုပ်ပြီးပါက ထုတ်ပြန်သွားမည် ဖြစ်သည်။
.

No comments:
Post a Comment