ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများ၏ အာစရိယပူဇော်ပွဲ နှင့် ကျောင်းဆင်းများ တွေ့ဆုံပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 28, 2026

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများ၏ အာစရိယပူဇော်ပွဲ နှင့် ကျောင်းဆင်းများ တွေ့ဆုံပွဲ ပြုလုပ်


.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများ၏ အာစရိယပူဇော်ပွဲနှင့် ကျောင်းဆင်းများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး နန်းခမ်းလူက ပြည်နယ်အစိုးရ အနေဖြင့် ဒေသ တည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းဆင်းမောင်နှမများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ကဏ္ဍ အသီးသီး၌ ရရှိထားသည့် အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံများကို အခြေခံပြီး မိမိဒေသနှင့် ပတ်ဝန်းကျင်အတွက် အကျိုးပြုသူများအဖြစ် ဆက်လက်ရပ်တည်သွားကြရန်လိုပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး ယုံကြည်မှုနှင့် နားလည်မှုများကို တည်ဆောက်သွားကြရန် လိုကြောင်း၊ လူငယ်မျိုးဆက်သစ်များအတွက် စံနမူနာကောင်းများ ဖြစ်လာစေလိုကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။

.

ထို့နောက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်းများ၏ အာစရိယပူဇော်ပွဲနှင့် တွေ့ဆုံပွဲ ကျင်းပရေး ဗဟိုကော်မတီ တာဝန်ရှိသူတစ်ဦးက တွေ့ဆုံပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ အပတ်စဉ် (၁၁) သင်တန်းဆင်း ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်က အာစရိယပူဇော်ပွဲနှင့် တွေ့ဆုံပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်ဟု သိရသည်။

.

ဆက်လက်ပြီး ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော်များက ကျောင်းဆင်းညီအစ်ကို မောင်နှမများအား ခင်မင်ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ပြီး ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများမှ ကိုယ်စားလှယ် တစ်ဦးစီက အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်းပြီး အမှတ်စဉ် (၆) သင်တန်းဆင်း ဦးလှမြင့်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများ၏ အာစရိယပူဇော်ပွဲနှင့် တွေ့ဆုံပွဲကျင်းပရေးကော်မတီမှ ကျင်းပရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ညနေပိုင်းတွင် တွေ့ဆုံပွဲအခမ်းအနား တတိယပိုင်းအစီအစဉ်အဖြစ် ကံစမ်းမဲများ ဖွင့်လှစ်ခြင်း၊ ပဒေသာကပွဲ များဖြင့် ဖျော်ဖြေတင်ဆက်ခြင်းအစီအစဉ်များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages