.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
.
နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း
တစ်ခုထက် ပိုမိုကိုင်ဆောင်ထားသူများအနေဖြင့် လာမည့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍
သက်ဆိုင်ရာ လဝကရုံးများသို့ သွားရောက်၍ ပယ်ဖျက်ကြရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက
ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန် အသိပေးထားသည်။
.
.လဝက ဝန်ကြီးဌာန အနေဖြင့် e-ID Biographic
Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊
နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုး ကိုင်ဆောင်သူပေါင်း
၅၂ သန်းကျော်ကို e-ID Server တွင် စာရင်းသွင်းထားပြီးဖြစ်ကာ ထိုသို့
စာရင်းသွင်း စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက် ပိုမိုကိုင်ဆောင် ထားသူများနှင့်
အိမ်ထောင်စုလူဦးရေစာရင်း တစ်နေရာထက်မက ပါဝင်နေသူများ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်ဟု
သိရသည်။
.
ထို့ကြောင့် ဒီဇင်ဘာလ ၃၁ ရက်အထိ လာရောက်ဆောင်ရွက်ခြင်းမရှိပါက
နောက်ဆုံးထုတ်ယူခဲ့သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ကတ်နှင့် အိမ်ထောင်စုစာ၇င်းကိုသာ
အတည်ပြုမည်ဖြစ်ကြောင်း လဝက၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
.
ထို့အပြင် ယခင်ကိုင်ဆောင်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့်
အိမ်ထောင်စုလူဦးရေစာရင်း အပိုများကို ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ
ပယ်ဖျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment