တာချီလိတ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, November 26, 2026

တာချီလိတ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းသွယ်နေ ကျလား ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ အဆိုပါ စိတ်ပြောင်းဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ ဝင်ရောက်ရှာဖွေရာတွင် အိမ်ရှင် ကျလားနှင့်အတူ စိုးလာမူတို့အား တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၃၃ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ် ၂၈၀၅ သိန်း၊ Happy Water အလေးချိန် ၅ ဒသမ ၂ ကီလို၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၁၆၀၊ ကက်တမင်းအဆီရည် ၁ လီတာ၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀၀၊  စိတ်ကြွဆေးပြား ၂၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၈ သိန်း၊ အက်တက်စီဆေးပြား ၁၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၊ ကက်တမင်းအလေးချိန် ၃၀၀ ဂရမ်၊ ဒေသကာလတန်ဖိုးငွေကျပ် ၃၆ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ စိတ်ပြောင်းမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ကျလားနှင့် စိုးလာမူ တို့နှစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages