.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
.
ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့် ၃ လအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း
(ကျားဖြန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅၀၂ ဦး အပါအဝင် နိုင်ငံခြားသား စုစုပေါင်း
၇၅၉ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား
ကျားဖြန့်လုပ်ကိုင်သူများက ၎င်းတို့ နိုင်ငံသားများကို အဓိကပစ်မှတ်ထား၍ ငွေကြေးလိမ်လည်မှုများ
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
.
ငွေကြေးလိမ်လည်သူများက အွန်လိုင်းပေါ်တွင်
ဆုကြေးငွေများပေါက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်အောင် ဆွဲဆောင် ခြင်း၊
အလုပ်အကိုင်ခေါ်ယူခြင်း စသသည့် အမျိုးမျိုးသော အကြောင်းများဖြင့် AI နည်းပညာများအသုံးပြု၍ လိမ်လည် နေခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်ကလည်း ကျေးသီးမြို့နယ်တွင်
အွန်လိုင်း လိမ်လည်လောင်းကစားပြုလုပ်သူ တရုတ်နိုင်ငံသား ၁၅ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
.

No comments:
Post a Comment