.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
.
ဘောလိဝုဒ်ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကို
သေနတ်နဲ့ ပစ်ခတ်တာ၊ ငွေညှစ်ဖို့ ခြိမ်းခြောက်တာတွေ ဆက်တိုက် ဖြစ်လာတာကြောင့်
မွမ်ဘိုင်းမြို့က ရုပ်ရှင်လောကမှာ လုံခြုံရေးအစောင့်တွေ ပိုမိုငှားရမ်း လာကြပါတယ်။
ဒီအခြေ အနေကြောင့် ၁၉၉၀ ပြည့်လွန်နှစ်တွေက ရာဇဝတ်ဂိုဏ်းတွေ ရုပ်ရှင် လောကကို
လွှမ်းမိုးခဲ့တဲ့အချိန် ပြန်ရောက်လာ မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း
မြင့်တက်လာပါတယ်။
.
.ရဲတပ်ဖွဲ့က လတ်တလောဖြစ်ရပ်တွေကို
ထောင်ဒဏ်ကျခံနေရတဲ့ အိန္ဒိယရာဇဝတ်ဂိုဏ်းခေါင်းဆောင် လောရင့်စ် ဘစ်ရှ်နွိုင်းရဲ့
ဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ မကြာသေးခင်က မင်းသား တိုင်ဂါး ရှရော့ဖ်ရဲ့
ကားကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး မင်းသား တုရှာကပူးရ်ထံက အမေရိကန်ဒေါ်လာ ၆ သိန်း
ငွေညှစ်ဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
.
အောက်တိုဘာလက ရှရော့ဖ်ရဲ့ကား
ပစ်ခတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး လူ ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး
ငွေညှစ်ဖို့၊ ဂိုဏ်းအင်အားပြဖို့နဲ့ ကြောက်ရွံ့မှုဖြစ်အောင် လုပ်ဆောင်တာလို့
စွပ်စွဲထား ပါတယ်။ တခြားနာမည်ကြီး သူတွေလည်း စောင့်ကြည့်ခံနေရတယ်လို့ ရဲတွေက
ပြောပါတယ်။
.
ဒီအခြေအနေကြောင့် နာမည်ကြီးမင်းသား အမီတာဘချန်ဟာ
မကြာသေးခင်က သူ့အိမ်ရှေ့မှာ ပရိသတ်တွေကို နှုတ်ဆက်ရာမှာ ကျည်ကာအကာအကွယ်နောက်ကနေ
နှုတ်ဆက်ခဲ့ရပြီး မင်းသား ရှာရွတ်ခန်းရဲ့ မွေးနေ့အတွက်လည်း သူ့အိမ်အနီး
လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။
.
ဒါပေမဲ့ စုံစမ်းဖော်ထုတ်ရေးသတင်းထောက်ဟောင်းနဲ့
စာရေးဆရာ အက်စ်. ဟူစိန် ဇိုင်ဒီကတော့ ၁၉၉၀ ပြည့်လွန် နှစ်တွေက အဓိက
ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေဟာ သေဆုံး၊ ထောင်ကျ ဒါမှမဟုတ် လှုပ်ရှားမှုရပ်ထားကြပြီ ဖြစ်တာကြောင့်
အဲဒီကာလ ပြန်ရောက်လာပြီလို့ မဆိုနိုင်သေးဘူးလို့ ပြောပါတယ်။ လက်ရှိမှာ လောရင့်စ်
ဘစ်ရှ်နွိုင်းဟာ လူသိများတဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်ပေမယ့် သူကိုယ်တိုင်က
ထောင်ထဲမှာ ရှိနေပါတယ်။
.
၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀
ပြည့်လွန်နှစ်အစောပိုင်းတွေမှာ ဒေါ်ဝဒ် အီဘရာဟင်နဲ့ ချိုတာ ရာဂျန်တို့လို
ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေက ရုပ်ရှင်ထုတ်လုပ်ရေး၊ သရုပ်ဆောင်ရွေးချယ်မှုနဲ့
ဖြန့်ချိရေးလုပ်ငန်းတွေမှာ ငွေညှစ်ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေ အသုံးပြုပြီး
လွှမ်းမိုးခဲ့ ကြပါတယ်။ နောက်ပိုင်း ရဲတပ်ဖွဲ့က အရေးယူမှုတွေ တင်းကျပ်လာတာနဲ့
ကော်ပိုရိတ်ငွေကြေးတွေ ရုပ်ရှင်လုပ်ငန်းထဲ ဝင်ရောက်လာတာကြောင့် ရာဇဝတ်ဂိုဏ်းတွေရဲ့
လွှမ်းမိုးမှု လျော့ကျသွားခဲ့ပါတယ်။
.
လောလောဆယ် ဖြစ်ပွားနေတဲ့
ခြိမ်းခြောက်မှုတွေထဲမှာ လောရင့်စ် ဘစ်ရှ်နွိုင်းရဲ့ ဂိုဏ်းနဲ့ မင်းသား ဆယ်လ်မန်
ခန်းအပေါ် ခြိမ်းခြောက်မှုတွေကလည်း ထင်ရှားပါတယ်။ ၂၀၂၄ ခုနှစ်မှာ ရုပ်ရှင်လောကနဲ့
နီးစပ်တဲ့ နိုင်ငံရေးသမား ဘာဘာ ဆစ်ဒစ်ကို သတ်ဖြတ်မှုမှာလည်း ဘစ်ရှ်နွိုင်းဂိုဏ်းဝင်တွေ
ပါဝင် တယ်လို့ အိန္ဒိယအာဏာပိုင်တွေက
စွပ်စွဲထားပါတယ်။
.
ရုပ်ရှင်ထုတ်လုပ်သူ ဘိုနီ ကပူးရ်ကတော့
လက်ရှိဖြစ်ရပ်တွေဟာ အချိန်တိုအတွင်း ပြန်လည် လျော့ကျသွားမယ်လို့ ယုံကြည်ပေမယ့်
ဒီလိုသေနတ်ပစ်ခတ်မှုတွေကိုတော့ လျစ်လျူရှုလို့မရဘဲ သတိထားဖို့လိုတယ်လို့
ပြောပါတယ်။
.
Ref – The Star
.

No comments:
Post a Comment