.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ယနေ့
နိုင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပေါက်ပြားဖြင့်
ထုရိုက်သဖြင့် တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကလောမြို့နယ်၊ လွယ်အံအုပ်စု၊
ကျောက်တန်းကျေးရွာနေ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်၊
နံနက် ၇ နာရီခွဲခန့်က တစ်ရွာတည်းနေ ထွန်းထွန်းနိုင် (ခ) စိုးပိုနှင့်
စကားများရန်ဖြစ်ပြီး ထွန်းထွန်းနိုင် (ခ) စိုးပို က ပေါက်ပြားဖြင့် ရင်ဘတ်အား
ထုရိုက်ရာမှ သတိလစ်မေ့မျောကာ ဆေးရုံသို့ ပို့ဆောင်စဉ်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍
ရိုက်နှက်သူ ထွန်းထွန်းနိုင် (ခ) စိုးပို အား ၎င်း၏နေအိမ်တွင် သက်သေခံ
ပေါက်ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment