တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒုတိယညတွင် မီးပုံးပျံ ၉ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, November 17, 2026

တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒုတိယညတွင် မီးပုံးပျံ ၉ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ဒုတိယဖြစ်သော နိုဝင်ဘာ ၁၇ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၉ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

.



.

ယနေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းတွင် ညမီးကြီးမီးပုံးပျံများဖြစ်သော ဆန္ဒမွန်မီး၊ မွေတော်မီး၊ ကဝိမီး၊ ရာစုမီး၊ ပွဲစားငယ်မီး၊ ရွာလယ်မီးနှင့် ချင်းတွင်းမီးတို့အပြင် စိန်နားပန်မီးပုံးပျံများဖြစ်သော HAYA မီးနှင့် ဆန္ဒမွန်မီးတို့ ပါဝင် ယှဉ်ပြိုင် လွှတ်တင်သွာားမည်ဖြစ်ကြောင်း သိရဿည်။

.

ထို့အပြင် ယနေ့ နေ့လယ်ပိုင်းတွင် နေ့လွှတ် ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုမီးပုံးပျံပြိုင်ပွဲဝင်အဖွဲ့များလည်း လွှတ်တင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်တွင် ညလွှတ် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံး၊ အုပ်စု ၇၅ အုပ်စု၊ စုစုပေါင်း ၅၆၁ ဖွဲ့ လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages