.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ
နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှ စတင်၍ တောင်ကြီးမြို့
အဝေရာမီးပုံးပျံကွင်းအတွင်း စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
,
.
ယနေ့ နေ့လွှတ်ပြိုင်ပွဲ ပထမနေ့ဖြစ်သော နိုဝင်ဘာ
၁၃ ရက်တွင် နေ့လွှတ်အရုပ် ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း၊ အုပ်စု ပြိုင်ပွဲဝင်အဖွဲ့
စုစုပေါင်း ၄၀ တို့က ဝင်ရောက်ယှဉ်ပြိုင်လွှတ်တင်လျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင်
နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံး၊ အုပ်စု ၇၅ ၊
ညလွှတ် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ စုစုပေါင်း ၅၆၁ လုံးကို လွှတ်တင် ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး
ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်အထိ ပြုလုပ်ကာ နိုဝင်ဘာ ၂၅ ရက်တွင် ဆုပေးပွဲနှင့် ပိတ်ပွဲကို
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment