အရှေ့တောင်အာရှ လုံခြုံရေးကဏ္ဍမှာ ပိုမိုအရေးပါလာဖို့ ဂျပန် ကြိုးပမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, November 13, 2026

အရှေ့တောင်အာရှ လုံခြုံရေးကဏ္ဍမှာ ပိုမိုအရေးပါလာဖို့ ဂျပန် ကြိုးပမ်း

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

.

အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နေတဲ့ ဂျပန်နိုင်ငံက လက်နက်တင်ပို့မှု ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တာကြောင့် ဒေသတွင်း လက်နက်ပြိုင် ဆိုင်မှု ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ် မှုတွေကြားမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။

.

.

ဧပြီလမှာ ဂျပန်က နိုင်ငံခြားကို လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ရောင်းချနိုင်ရေး စည်းမျဉ်းတွေကို အကြီးစား ပြင်ဆင်ခဲ့ပြီး စစ်သင်္ဘော၊ ဒုံးကျည်နဲ့ အခြားစစ်ဘက်ဆိုင်ရာပစ္စည်းတွေ တင်ပို့နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။

.

ဂျပန်နိုင်ငံရဲ့ အာဆီယံဆိုင်ရာ သံအမတ် ကိုဂျီ ယိုနေတာနီကတော့ ဂျပန်ရဲ့ ငြိမ်းချမ်းရေးကို အလေးထားတဲ့ နိုင်ငံ အဖြစ် ရပ်တည်ချက်ဟာ မပြောင်းလဲဘူးလို့ ပြောပါတယ်။ ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှုတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားပြီး မိတ်ဖက်နိုင်ငံတွေရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

.

ဒါ့အပြင် တောင်တရုတ်ပင်လယ်မှာ အင်အားသုံးပြီး လက်ရှိအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲဖို့ ကြိုးပမ်းတာ တွေကို ဂျပန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ ယိုနေတာနီက ပြောပါတယ်။ ရေကြောင်းသွားလာခွင့်နဲ့ လေကြောင်းပျံသန်းခွင့်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ အပေါ်လည်း ဂျပန်က အမြဲတမ်း စိုးရိမ် ကြောင်း ဖော်ပြထားပါတယ်။

.

ဂျပန်ဟာ ODA နဲ့ OSA အစီအစဉ်တွေကနေတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ရေကြောင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်နေပြီး ကင်းလှည့်သင်္ဘောတွေ ပေးအပ်တာ၊ ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ စွမ်းရည်မြှင့်တင်ပေး တာနဲ့ ရေကြောင်းနဲ့ ကာကွယ်ရေးအာဏာပိုင် တွေကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာတွေ လုပ်ဆောင်နေ ပါတယ်။

.

ဒီလုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာဥပဒေကို အခြေခံတဲ့ လွတ်လပ်ပွင့်လင်းတဲ့ ရေကြောင်းစနစ်ဟာ နိုင်ငံ အားလုံးအတွက် အကျိုးရှိတယ်ဆိုတဲ့ ဂျပန်ရဲ့ ယုံကြည်ချက်အပေါ် အခြေခံထားတာဖြစ်ပါတယ်။

.

Ref – CNA

.

No comments:

Post a Comment

Pages