.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာေလ ၂၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ကားတစ်စီး အရှိန်လွန်ပြီး ချောင်းထဲထိုးကျ
တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ယာဉ်မောင်း ဦးတင်ဇော်
မောင်းနှင်သည့် Toyota Succeed အမျိုးအစား အဖြူရောင်ယာဉ်သည် ယနေ့
နိုဝင်ဘာ ၂၁ ရက်၊ ညနေ ၃ နာရီခွဲခန့်က တောင်ကြီးမြို့မှ ခိုလန်မြို့သို့ ထွက်ခွာ လာစဉ်
ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်အနီး အရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာာသည့်
ဘုရားဖူးယာဉ်တစ်စီးအား တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ချောင်းအတွင်း
ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးတင်ဇော်
တွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အခြားသူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း
သိရသည်။
.
ယခုအခါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလနှင့် အစိုးရ
ရုံးပိတ်ရက်ရှည် တိုက်ဆိုင်နေသဖြင့် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ကားများ
မြို့တော်တောင်ကြီးနှင့် အနီးဝန်းကျင် ဒေသများသို့ ဝင်ရောက် လာနေပြီး တောင်ကြီးမြို့ပေါ်အပါအဝင်
အနီးဝန်းကျင်ဒေသများတွင် ယာဉ်ကြောပိတ်ဆို့ရှုပ်ထွေးခြင်းများ ဖြစ်ပေါ် လျက်ရှိရာ ယာဉ်မောင်းများအနေဖြင့်
ဂရုပြုမောင်းနှင်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.

No comments:
Post a Comment