.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
.
တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမြောက်ဘက်၊
ဘုရင့်နောင်လမ်းပေါ်တွင် ရေမြောင်းဖုံး ပြိုကျပြီး လမ်းအပေါက် ဖြစ်ပေါ်နေသည့်အတွက်
သတိထားသွားလာရန် လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
.
.ဘုရင့်နောင်လမ်းပေါ်ရှိ အဆိုပါ လမ်းအပေါက်မှာ ယနေ့
နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းကမှ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး တဖြည်းဖြည်း ကျယ်ပြန့်လာသည့်အတွက်
လက်ရှိတွင် အလျား ၃ ပေကျော်၊ အနက် ၂ ပေခန့်ရှိပြီဖြစ်ကာ ဆက်လက် ကျယ်ပြန့်လာနိုင်ကြောင်း
သိရသည်။
.
“လမ်းပေါ်မှာ ဒီလောက်အပေါက်ကြီး ဆိုတော့ ကားတွေ၊
ဆိုင်ကယ်တွေအတွက် အန္တရာယ်များပါတယ်။ အခုချိန်က တန်ဆောင်တိုင်ကာလ ယာဉ်အသွားအလာလည်း
များတဲ့အချိန်ဖြစ်တော့ အန္တရာယ် မဖြစ်အောင် သက်ဆိုင်ရာဌာန တွေက အမြန်ဆုံး ပြင်ဆင်ဖို့
လိုအပ်ပါတယ်” ဟု တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
လက်ရှိတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်
လမ်းအပေါက်ဖြစ်ပေါ်နေသည့် နေရာကို အနီးဝန်းကျင် ဒေသခံများက ဝါးများဖြင့် အသုံးပြုကာရံကာ
စာကပ်သတိပေးထားပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။
.
“အဲဒီလမ်းက လူအများ ဖြတ်သန်းသွာလာနေတဲ့ လမ်းဖြစ်တဲ့အပြင်
ကျောင်းနဲ့လည်း နီကပ်နေတာကြောင့် ကျောင်းသား/သူတွေ၊ ကလေးကြို/ပို့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေ၊
ကားတွေအတွက် အန္တရာယ် ဖြစ်နိုင်ပါတယ်။ လမ်းပိတ်ဆို့မှုလည်း ဖြစ်နေပါတယ်” ဟု အဆိုပါ
ဒေသခံက ပြောသည်။
.
အဆိုပါ လမ်းအပေါက်ဖြစ်ပေါ်နေသည့် နေရာကို သက်ဆိုင်ရာ
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအနေဖြင့် အမြန်ဆုံး လာရောက်စစ်ဆေးပြီး
လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများထံက သိရသည်။
.

No comments:
Post a Comment