နယူးအော်လင်းစ်မြို့မှာ ဆိပ်ကမ်းချထားတဲ့ အပျော်စီးသင်္ဘောကို ရေနံတင်သင်္ဘော ဝင်တိုက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 14, 2026

နယူးအော်လင်းစ်မြို့မှာ ဆိပ်ကမ်းချထားတဲ့ အပျော်စီးသင်္ဘောကို ရေနံတင်သင်္ဘော ဝင်တိုက်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

.

အမေရိကန်နိုင်ငံ နယူးအော်လင်းစ်မြို့ မစ္စစ္စပီမြစ်မှာ ဒေသစံတော်ချိန် သောကြာနေ့ (နိုဝင်ဘာ ၁၃ ရက်)က ဆိပ်ကမ်း မှာ ရပ်ထားတဲ့ အမေရိကန် ခရုစ်လိုင်းစ် ရဲ့ ခရီးသည်တင်အပျော်စီးသင်္ဘောကို ရေနံတင်သင်္ဘောတစ်စင်း ဝင်တိုက်ခဲ့ပြီး နောက် ရေထဲကျသွားတဲ့ ခရီးသည်အများအပြားကို ကယ်ဆယ်ဖို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် နေတယ်လို့ AP သတင်းမှာဖော်ပြ ထားပါတယ်။

.

.

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင် က ဆိုရှယ်မီဒီယာမှာ “ပျောက်ဆုံးနေတဲ့ ခရီးသည်တွေကို ကယ်ဆယ်ဖို့ ကျွန်တော်တို့မှာ ရှိသမျှ အရင်းအမြစ်အားလုံးကို အသုံးပြုနေပါတယ်” လို့ ရေးသားခဲ့ပြီး ပြည်နယ် တာဝန်ရှိသူတွေနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

.

ပျောက်ဆုံးနေတဲ့ ခရီးသည်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မေးမြန်းထား ပေမယ့် အမိမြေလုံခြုံရေးဌာနက ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။

.

နယူးအော်လင်းစ်မြို့တော်ဝန်ရုံး ကလည်း ဆိုရှယ်မီဒီယာမှာ “လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

.

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ကလည်း သင်္ဘောတိုက်မှုဖြစ်ပွားရာကို သွားရောက်တုံ့ပြန်ခဲ့ပြီး အဲဒီအနီးတဝိုက်မှာ မြစ်ကြောင်းသွားလာမှုအားလုံးကို ပိတ်ထားတယ်လို့ အီးမေးလ်ကနေ ထုတ်ပြန် ပါတယ်။ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။

.

ဒေသတွင်း ရုပ်သံသတင်းတွေမှာလည်း အပျော်စီးသင်္ဘောဟာ တစ်ဖက်ကို စောင်းနေတဲ့ပုံတွေကို ပြသခဲ့ပြီး CBS သတင်းဌာန ကတော့ အနည်းဆုံး လူ ၁၄ ဦးကို ရေထဲကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

.

အဲဒီအပျော်စီးသင်္ဘောဟာ လူ ၁၅၀ အထိ လိုက်ပါနိုင်ပြီး ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ခရုစ်လိုင်းစ် ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

.

အဒ်ဗိုကိတ် သတင်းစာ ကတော့ နယူးအော်လင်းစ်ဆိပ်ကမ်း တာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန် ဟဲရစ်တေ့ချ် အပျော်စီးသင်္ဘောပေါ်မှာ ခရီးသည် ၁၂၉ ဦး လိုက်ပါလာချိန် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့် (စင်ကာ ပူစံတော်ချိန် စနေနေ့ မနက် ၂ နာရီခွဲ) မှာ အက်တလန်တစ် အက်စ်ဖော့ ရေနံတင်သင်္ဘောက ဝင်တိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ သေဆုံးသူ ဒါမှမဟုတ် ဒဏ်ရာရသူ ရှိ၊ မရှိကို တော့ ချက်ချင်း မသိရသေးပါဘူး။

.

နယူးအော်လင်းစ်ဆိပ်ကမ်း ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုထားတာကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။

.

အမေရိကန် ခရုစ်လိုင်းစ် ကတော့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ အီးမေးလ်ကနေ ထုတ်ပြန်ပါတယ်။

.

“ခရီးသည်တွေနဲ့ သင်္ဘောဝန်ထမ်းတွေကို သင်္ဘောပေါ်ကနေ ရွှေ့ပြောင်းပေးခဲ့ပြီး ဒီဖြစ်ရပ်မှာ ပါဝင်သူအားလုံးအတွက် အလွန်စိုးရိမ်မိပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။

.

Ref – CNA

.

No comments:

Post a Comment

Pages