.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့ဖြစ်သော
ယနေ့ နိုဝင်ဘာလ ၁၆ ရက်တွင် ပွဲတော် မစတင်မီ နေ့လယ်ပိုင်း မှ စတင်၍ ယာဉ်ရပ်နားခများကို
သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံနေကြောင်း သိရသည်။
.
.တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီက
ယာဉ်ရပ်နားခအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်နှင့် ကားတစ်စီးလျှင် တစ်တန်အောက်
၁၀၀၀၀ ကျပ်၊ တစ်တန်အထက် ကားကြီး ၂၀၀၀၀ ကျပ် ကောက်ခံရန် သတ်မှတ်ထားသော်လည်း ယနေ့ ဖွင့်ပွဲနေ့တွင်
ဆိုင်ကယ်တစ်စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ကားတစ်စီးလျှင် ၃၀၀၀၀ ကျပ် ကောက်ခံနေခြင်းဖြစ်ကြောင်း
သိရသည်။
.
“သတ်မှတ်ထားတာ ၅၀၀၀ မဟုတ်ဘူးလားလို့ မေးတော့
ပွဲကာလပဲ ၁၀၀၀၀ ကောက်မှာပေါ့ ဆိုပြီး ဘယ်လောက် ကြာအောင် ရပ်မှာလဲလို့တောင် ကိုယ့်ကိုယ်
ပြန်မေးသေးတယ်။ ဈေးနှုန်း ကပ်ထားတာလည်း မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
သတ်မှတ်ချက်အား မလိုက်နာသူများကို
အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ် တန်ဆောင်တိုင်ပွဲတော်များတွင် လေလံ
ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်မဟုတ်ကြောင်း ဦးစီးကော်မတီက စည်းကမ်းသတ်မှတ်
ထုတ်ပြန်ထားသည်။
.
“အခုမှ ပွဲစရက်ပဲ ရှိသေးတယ်။
ဒါတောင်ညနေမရောက်သေးဘူး ရပ်နားခက ၂ ဆပေးနေရပြီ။ တကယ့်ပွဲအချိန် ရောက်ရင်
ဘယ်လိုလုပ်မလဲ။ သတ်မှတ်စည်းကမ်းလည်း မလိုက်နာကြဘူး” ဟု ပွဲသို့လာရောက် လာရောက်လည်ပတ်
သူ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါ သတ်မှတ်ယာဉ်ရပ်နားထက် ပိုမိုကောက်ခံမှုများကို
ထိထိရောက်ရောက် တားမြစ်အရေယူပေးစေလို ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
ထို့အပြင် ယင်းကဲ့သို့ ယာဉ်ရပ်နား သတ်မှတ်နှုန်းထားထက်
ပိုမိုကောက်ခံခြင်းကြောင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ရှိပါက
စားသုံးသူရေးရာ ဦးစီးဌာနသို့လည်း တိုင်ကြားနိုင်ပြီး ဌာန အနေဖြင့် ပွဲတော် ဘဏ္ဍာငွေကြီးကြပ်ရေးကော်မတီနှင့်
ညှိနှိုင်းပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပြွဲတော် ယာဉ်ရပ်နားစခန်းလုပ်ငန်း
၄ ခုအတွက် လေလံကြေး ကျပ်သိန်း ၂၄၁၀ ဖြင့် တောင်ကြီးမြို့မှ လုပ်ငန်းရှင် မျိုးညီညီကျော်က
ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment