.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
.
အိုမန်နဲ့ အီရန်တို့ဟာ အင်္ဂါနေ့မှာ
ရေကြောင်းလမ်းကြောင်းတွေ လုံခြုံရေးနဲ့ ကမ္ဘာ့ကုန်သွယ်ရေး၊ သင်္ဘောသွားလာမှု တွေ
ချောမွေ့စေဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် အခြေအနေတွေ ပိုမိုတင်းမာ မလာအောင်
ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့လည်း
ဆွေးနွေးခဲ့တယ်လို့ အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
.
.ဒီဆွေးနွေးမှုတွေကို အီရန်နိုင်ငံခြားရေးဝန်ကြီး
အဘတ်စ် အာရာချီ အိုမန်နိုင်ငံကို လာရောက်ချိန်မှာ ပြုလုပ်ခဲ့တာပါ။ အိုမန်ဟာ
ဟော်မုဇ်ရေလက်ကြားရဲ့ တောင်ဘက်ကမ်းရိုးတန်းကို ထိန်းချုပ်ထားပြီး အမေရိကန်နဲ့
အစ္စရေးတို့က အီရန် ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ တိုက်ခိုက်ခဲ့ပြီးနောက်
ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းမှာ ကြားဝင်ဖျန်ဖြေပေးခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။
.
အာရာချီရဲ့ ခရီးစဉ်ဟာ ဟော်မုဇ်ရေလက်ကြားအတွင်း
ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပိုများလာချိန်မှာ ဖြစ် ပေါ်လာတာပါ။ အီရန်က
အရေးကြီးတဲ့ ဒီရေလမ်းကြောင်းမှာ သင်္ဘောသွားလာမှု တွေကို ဆက်လက်အနှောင့်အယှက် ပေးနေပြီး
အမေရိကန်ကလည်း တုံ့ပြန်တဲ့အနေနဲ့ အီရန်အပေါ် ရေတပ်ပိတ်ဆို့မှု
ဆက်လက်လုပ်ဆောင်နေပါတယ်။
.
ပဋိပက္ခမဖြစ်ခင်က ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုရဲ့
ငါးပုံတစ်ပုံလောက် ဖြတ်သန်းခဲ့တဲ့ ဟော်မုဇ် ရေလက်ကြားဟာ ကိုးလ ကြာမြင့်လာပြီဖြစ်တဲ့
စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးနေမှုတွေမှာ အဓိကအခက်အခဲတစ်ခုအဖြစ် ဆက်ရှိနေပြီး
လက်ရှိအချိန်အထိ ထူးခြားတဲ့ သဘောတူညီချက် မရသေးဘဲ ဆက်လက်တင်းမာနေပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment