.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင်
နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်းပေါင်း ၂၇၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါး
ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၃ နာရီခန့်က မူးယစ်ဆေးဝါး သတင်းအရ
တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး၊ တာချီလိတ်-ဝမ်ပုံသွား ကားလမ်းပေါ်တွင်
ညီခမ်း မောင်းနှင်ပြီး အိုက်လင်း လိုက်ပါစီးနင်းလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး
ကက်တမင်း အလေးချိန် ၃၁ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၇၉၀ အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ စိတ်ပြောင်းဆေးဝါး ကက်တမင်းများနှင့်အတူ ဖမ်းဆီးရမိသူ
ညီခမ်းနှင့် အိုက်လင်း တို့နှစ်ဦးအား ဝမ်ပုံ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment