.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်
ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်လာသူများနှင့်အတူ
ဆက်တိုက်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.
တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ရွှေညောင်မြို့၊
မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ (၂)၊ ပုလဲလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ်
ယင်းလမ်းအတိုင်း တစ်ဦးတည်း လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား တားဆီးစစ်ဆေး ခဲ့ကြောင်း
သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် လမ်းလျှောက်လာသူမှာ ရွှေညောင်မြို့၊
မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်နေ ထိန်လင်း (ခ) အထူး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းဝတ်ဆင်ထားသည့်
ချည်လွယ်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၆ ထုပ်၊ စုစုပေါင်း
ဆေးပြား ၁၂၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အလားတူ ပူးပေါင်းအဖွဲ့က ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင်
ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ နယ်မြေ (၆) ဗိုလ်တိုက်ချွန်းလမ်းပေါ်တွင်
ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ယင်းလမ်းအတိုင်း လမ်းလျှောက်လာသူ အမျိုးသား တစ်ဦးထံမှ
စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူမှာ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ ရွှေညောင်မြို့နေ
အောင်အောင်ထွေး (ခ) အောင်ထွေး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း ခန္ဓာကိုယ်တွင်
ဝတ်ဆင်ထားသည့် အင်္ကျီအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား
၂၀၀ ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား
ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့ ညနေပိုင်းတွင်ပင် မူးယစ်ဆေးဝါး
ကျော်ဇောသတင်းရှိသူတစ်ဦးကို ရွှေညောင်မြို့၊ တောင်လေးလုံး ကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာအနီး၌
စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
.

No comments:
Post a Comment