.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
.
၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများတွင် ကပြဖျော်ဖြေမည့် တိုင်းရင်းသားယဉ်ကျေးမှု
အကအဖွဲ့များ အစမ်းလေ့ကျင့်ကပြမှုကို ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင်
ရှမ်းပြည်နယ်တစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ရှမ်း၊
ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ထနော့၊ လီဆူး၊ ကချင်နှင့် ကိုးကန့်
တိုင်းရင်းသားရိုးရာအကအဖွဲ့ ၉ ဖွဲ့အပြင် အခြား တိုင်းရင်းသားရိုးရာ အကအဖွဲ့များ၊
အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ကပြဖျော်ဖြေ တင်ဆက် သွားမည်ဖြစ်ကြောင်း
သိရသည်။
.
“ရပ်ဝေး၊ ရပ်နီးက ဧည့်သည်တွေအပြင် တခြားဒေသတွေကနေ
လာရောက်လည်ပတ်ကြသူတွေအနေနဲ့ အခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို
အပန်းဖြေလာရောက်ရင်း တိုင်းရင်းသားတွေရဲ့ ရိုးရာအက ကပြဖျော်ဖြေမှု တွေကို
လာရောက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု တောင်ကြီးပညာရေးဒီဂရီကောလိပ်၊
ဂီတအနုပညာ ဌာနမှ အကနည်းပြ ဒေါ်သန္တာထွန်းက ပြောသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို
နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရိုးရာမီးပုံးပျံပြိုင်ပွဲ၊ ညလွှတ်
မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ
နိုဝင်ဘာ ၂၅ ရက်၊ ညနေ ပိုင်းတွင် ဆုပေးပွဲနှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ပိတ်ပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
နေ့လွှတ် အရုပ် မီးပုံးပျံပြိုင်ပွဲများကို ယနေ့
နိုဝင်ဘာ ၁၃ ရက်၊ နေ့လယ်ပိုင်းမှစတင်၍ လွှတ်တင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။
.

No comments:
Post a Comment