.
၂၀၂၆
ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.
ဖွင့်ပွဲ
ပထမပိုင်းအဖြစ် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ပြုလုပ်ရာ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးမျာ၊ တာဝန်ရှိသူများ၊ ဧည့်သည်တော်များက
ဘုရားဝတ်ပြု ဆက်ကပ်ပြီး စိန်နားပန်မီးပုံးပျံတစ်လုံး လွှတ်တင်ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။
.
ထို့နောက်
ဖွင့်ပွဲ ဒုတိယပိုင်းကို တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း
ဆက်လက်ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက အဖွင့်အမှာစကား
ပြောကြားပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ်
ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက်
တေးသံရှင် စိုင်းဟိန်းကိုကိုက “ကမ္ဘောဇ မောတို့ရှမ်းဌာနေ” တေးသီချင်းဖြင့်
ဖျော်ဖြေတင်ဆက်ပြီး တိုင်းရင်းသား/သူ အကအဖွဲ့များက တိုင်းရင်းသားရိုးရာ
အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ တိုင်းရင်းသား အကအဖွဲ့များ၊
ကျောင်းသား/သူများက တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ် အလုံး
၁၀၀၀ ကျော် လွှတ်တင်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်မှ တန်ဆောင်မုန်းလပြည့်ည၊
နိုဝင်ဘာလ ၂၄ ရက်အထိ ၉ ည တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်ကျော်
၁ ရက်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ဆုပေးပွဲနှင့် ပွဲတော် ပိတ်ပွဲ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
၂၀၂၆
ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင်
နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံး၊ အုပ်စု ၇၅ ၊
ညလွှတ် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ စုစုပေါင်း ၅၆၁ လုံးကို လွှတ်တင်
ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး နေ့လွှတ်အရုပ်များမှာ ပြိုင်ပွဲဝင်အဖွဲ့အရေအတွက်
များပြားသည့်အတွက် ပွဲတော် ဖွင့်ပွဲ မကျင်းပမီ နိုဝင်ဘာ ၁၃ ရက်ကတည်းက
စတင်ယှဉ်ပြိုင်လွှတ်တင်နေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment