.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း
ယမန်နေ့ နိုဝင်ဘာ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ယနေ့ နိုဝင်ဘာ
၁၀ ရက်၌ ကျီးဖြူကန်နှင့် ကုန်းလှိုင်ရေကန်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်
ရှိကြောင်း သိရသည်။
.
.အေးသာယာမြို့ရှိ ကျီးဖြူကန်တွင် ရေပိုလွှဲမှ ရေလွှဲထားပြီး
စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်း သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကလည်း
ကျီးဖြူကန်နှင့် ကုန်းလှိုင်ကန် ရေကြီးမှု အခြေ အနေနှင့် ပတ်သက်၍ စိုးရိမ်ရသည့်အခြေအနေ
မရှိသေးသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ရခြင်း မရှိသေးကြောင်း
ပြောဆိုခဲ့သည်။
.
ကုန်းလှိုင်ကန်ရေ မြင့်တက်မှုကြောင့် ရွှေညောင်မြို့ပေါ်ရှိ
အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ရှိနေပြီး စပါးခင်းမျာလည်း ရေဝင်နစ်မြုပ်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment