စက်သုံးဆီဈေးများ ၂၀၀ ဝန်းကျင်စီ ဆက်လက်ကျဆင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, November 27, 2026

စက်သုံးဆီဈေးများ ၂၀၀ ဝန်းကျင်စီ ဆက်လက်ကျဆင်း

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

.

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) ၏ ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစာရင်းအရ စက်သုံးဆီအမျိုးအစားအားလုံး ၂၀၀ ကျပ်ဝန်းကျင်စီ ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။

.

.

အောက်တိန်း 92 နှင့် 95 ဈေးနှုန်းများမှာ ယခင်ရက်သတ္တပတ်ထက် ၂၅၀  ကျပ်အထိဈေးနှုန်းကျဆင်းလာပြီး ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၂၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၉၀ကျပ် ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

.

PPRD ၏ ယနေ့ နိုဝင်ဘာလ ၂၇ ရက် ထုတ်ပြန်ချက်အရ တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၃၇၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၇၉၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၄၀၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄၉၀၅  ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။

.

စက်သုံးဆီဈေးနှုန်းများမှာ ဆက်တိုက် ကျဆင်းလာသော်လည်း မှောင်ခိုဈေးကွက်မှာ ဆက်လက်ရှိနေဆဲဖြစ်ကာ ပြင်ပမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် တစ်သောင်းကျော်အထိ ရောင်းချနေကြကြောင်း သိရသည်။

.

No comments:

Post a Comment

Pages