ရှမ်းမြောက်မှ သယ်ဆောင်လာသည့် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ကလေးမြို့နယ်တွင် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 15, 2026

ရှမ်းမြောက်မှ သယ်ဆောင်လာသည့် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ကလေးမြို့နယ်တွင် ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

.

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှ သယ်ဆောင် လာသည့် ငွေကျပ် ၂ ဘီလီယံကျော်ရှိ ဘိန်းဖြူ ၃၉ ကီလိုကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းရွာအနီးတွင် စိုင်းကိုကို မောင်းနှင်ပြီး လွင်ဖြိုးအောင် လိုက်ပါလာသော NISSAN CONDOR အမျိုးအစား မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

.

ထိုသို့ စစ်ဆေးရာတွင် ယာဉ်ပေါ်မှ  ဘိန်းဖြူ ၂၇ ဒသမ ၇၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ခုပ်လမ့်ထွန်း(ခ)မောင်လှိုင် အား ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


ဆက်လက်ပြီး သတင်းကွင်းဆက်အရ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လ်ပိုင်းတွင် ကလေးမြို့နယ်၊ ကျီကုန်းရွာအနီး၌ပင် ဇာနည်မိုး (ခ) မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း (ခ) မင်းမင်း လိုက်ပါလာသော DONG FENG အမျိုးအစားယာဉ် အား တားဆီးစစ်ဆေးရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၁ ဒသမ ၆၆ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ထို့အပြင်  ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်လှ (ခ) သော့ပြောင်း အား လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင် (ခ) မောင်ပိန်အား လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းငွေကျပ် ၂ ဒသမ ၈၁၈၆၄ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၉ ဒသမ ၃၈ ကီလိုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါဘိန်းဖြူများ၏ ပိုင်ရှင်ဖြစ်သူမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နေ အားပီး (ခ) အပိ (ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး နေလင်းထိုက် (ခ) ငပိကောင် (ဖမ်းဆီးရန်ကျန်)၊ ဟိန်းမိုးအောင် (ဖမ်းဆီးရန်ကျန်) တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကလေးမြို့သို့ သယ်ဆောင်ကာ ၎င်းမှတစ်ဆင့် ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

.

အဆိုပါ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

ထို့အပြင် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


No comments:

Post a Comment

Pages